ကိုရီယားနိုင်ငံက Cele တွေ Idols တွေကို ကြည့်လိုက်ရင် အကုန်လုံးက ပိန်ပိန်ပါးပါးလေးတွေနဲ့ ချစ်စရာလေးတွေပါ။ ဒီလိုခန္ဓာကိုယ်မျိုးလေးတွေ ပိုင်ဆိုင်ချင်တဲ့ပျိုမဒီတို့အတွက် ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေဖို့ SISTAR‘s Soyou ရဲ့ အကြုံပြုချက်လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။
Meal Plan
ပထမဆုံးအဆင့်က စားနေကြစားသောက်ပုံစံမဟုတ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တင်းကြပ်တဲံ Meal Plan ကို ပြင်ဆင်ပါ။
အကုန်စားပါ
Meal Plan မှာ ပါတဲ့ အစားအစာ အကုန်လုံးကို သေချာစားပါ။ ပရိုတင်းဓာတ် လုံလုံလောက်လောက် ရရှိဖို့ သေချာပါစေ။ Meal Plan မှာ ပါတဲ့အစားအစာတစ်ခုကို မကြိုက်ဘူးဆိုရင် ပရိုတင်းဓာတ်ပါတဲ့ တခြားတခုကို အစားထိုးစားပေးပါ။
ကိုယ်တိုင်ပြင်ဆင်ပါ
အစားအသောက်ကို အပြင်ကမှာစားတာထက် ကိုယ်တိုင်ပြင်ဆင်တာက ကျန်းမာရေးနဲ့ညီညွတ်တာကြောင့် ကိုယ်တိုင်စီမံတာက အကောင်းဆုံးပါ။
အစားအသောက်ဒိုင်ယာရီ
ကိုယ်စားခဲ့သမျှ အကုန်လုံးကို မှတ်တမ်းတင်ပါ။ ဓာတ်ပုံရိုက်တာ ဒါမှမဟုတ် ချမှတ်ထားပါ။