ညဘက်မှာ တော်တော်အိပ်မပျော်ဘဲ အိပ်စက်ဖို့ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ဖို့အတွက် ကူညီပေးမယ့် လေ့ကျင့်ခန်းတချို့ရှိပါတယ်။ ဒီယောဂလေ့ကျင့်ခန်းများက အကြောအချဉ်ပြေစေပြီး အာရုံကြောစနစ်ကိုလည်း ပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။
လေ့ကျင့်ခန်း (၁)
ယောဂဖျာပေါ်တွင် လေးဘက်ထောက်ထားပြီး မျက်နှာကို ငုံ့ထားပါ။ စက္ကန့် ၃၀ ကြာတဲ့အခါ မျက်နှာကို အပေါ်သို့ မော့လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။
လေ့ကျင့်ခန်း (၂)
ပုံပါပို့စ်အတိုင်း စက္ကန့် ၃၀၊ ၁ မိနစ်ခန့် တောင့်ထားပါ။ အသက်ကိုလည်း ရှူသွင်း ရှူထုတ် မှန်မှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၃)
ဒီလေ့ကျင့်ခန်းကတော့ စောစောက ပို့စ်ကိုမှ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ဘယ်ဘက်သို့ စောင်းလိုက်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းကို အခြားတစ်ဖက်သို့ စောင်းပေးလိုက်ပါ။
ဒီလေ့ကျင့်ခန်းများကို ညအိပ်ရာဝင်ခါနီးတွင် ပြုလုပ်ပေးပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။