လူတစ်ယောက်က အိပ်ရေးဝနေဖို့ အရမ်းကိုအရေးကြီးပါတယ်။ အိပ်ရေးပျက်ရင် ကျန်းမာရေးလည်းထိခိုက်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာတွေ များလာတဲ့အခါမှာ ဒီလိုအလှအပဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာစေပါတယ်။

အသားအရေမွဲခြောက်လာခြင်း

အိပ်ရေးပျက်တာတွေများလာတဲ့အခါ အသားအရေက Dehydrated ဖြစ်ပြီး မွဲခြောက်လာစေပါတယ်။ Skincare လိမ်းနေပေမယ့်လည်း အသားအရေက လှမလာဘူး၊ အသားအရေမွဲခြောက်ပြီး ညစ်ညစ်ကြီးဖြစ်နေတယ်ဆိုရင် အိပ်ရေးပျက်တာတွေ များနေပြီလားဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။

မျက်ကွင်းညိုလာခြင်း

အိပ်ရေးပျက်တာတွေများရင် မျက်ကွင်းတွေကျပြီး မျက်ကွင်းညိုတာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုးဆိုရင် Eye Cream လိမ်းလည်း Effect မပြပါဘူး။ ဒါ့အပြင် ကြာလာတဲ့အခါ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာမှာပါ။

ဝက်ခြံထွက်လာခြင်း

အိပ်ရေးပျက်ခြင်းကြောင်း ဝက်ခြံတွေထွက်တာမျိုးလည်း ဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းက အလှအပဆိုင်ရာကိုပါ အများကြီးထိခိုက်စေတာပါ။ ဒါကြောင့် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။

အရေးအကြောင်းတွေပေါ်လာခြင်း

အိပ်ရေးပျက်တာတွေက အစပိုင်းမှာတော့ သိပ်မသိသာပေမယ့် အချိန်တွေပိုပြီးကြာလာလေ နောက်ပိုင်းမှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ ဒါကြောင့် နုပျိုချင်ရင် အိပ်ရေးဝအောင်အိပ်နော်။

ဆံသားပျက်စီးလာခြင်း

အိပ်ရေးပျက်ခြင်းကြောင့် ဆံပင်သန်စွမ်းမှုက လျော့နည်းလာစေပြီး ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ စတဲ့ ဆံသားဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာစေပါသေးတယ်။ ဒါကြောင့် အလှကြိုက်ရင်တော့ အိပ်ရေးဝအောင်အိပ်ရပါမယ်။