နေရာတိုင်းမှာ ကျင့်ဝတ်ဆိုတာရှိစမြဲပါ။ ဘယ်နေရာမဆို မလုပ်သင့်တဲ့အချက်တွေရှိသလို Gym ဆိုတာလည်း အတူတူပါပဲ။ ရှောင်သင့်တဲ့ အရာတစ်ချို့ရှိပါတယ်။ ဒါကြောင့် Gym သွားတဲ့အခါ မလုပ်သင့်တဲ့ အချက်ငါးချက်ကို မျှဝေလိုက်ပါတယ်။

Gym မှာ Video ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါ တခြားလူရဲ့ပုံမပါအောင် ဂရုစိုက်ဖို့ လိုပါတယ်။ တခြားလူရဲ့ခွင့်ပြုချက်မရဘဲ မသိဘဲ သူတို့ပုံပါသွားတာက လူ့ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တစ်ခုပါ။

Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ရဲ့လေ့ကျင့်ခန်းကိုဘဲ အာရုံစိုက်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ တခြားလူတွေကိုကြည့်ပြီး ဝေဖန်တာ လှောင်တာမျိုးတွေ မှက်ချက်ပေးတာ တီးတိုးပြောတာတွေက မလုပ်သင့်တဲ့အရာတွေပါ။

နားမလည်ဘဲ စက်ပစ္စည်းတစ်ခုကို ဘယ်တော့မှ မသုံးပါနဲ့။Gym ရဲ့ Equipment တွေသုံးတဲ့အခါ သူ့ရဲ့ အလုပ်လုပ်ပုံလုပ်နည်းကို သေချာမသိသေးရင် နားလည်တဲ့သူကိုမေးပြီးမှ သုံးတာက အန္တရာယ်လည်းကင်းသလို ရေရှည်မှာ ထိခိုက်ဒဏ်ရာမရအောင် ကူညီပေးပါလိမ့်မယ်။

Gym ဆိုတာက လူအများစုဝေတဲ့နေရာမလို့ နှာစေးတာ ၊ ချောင်းဆိုးတာ ဒါမှမဟုတ် သင်နေမကောင်းဘူးဆိုရင် Gym ကို မသွားတာအကောင်းဆုံးပါ။ သက်သာလာတဲ့အချိန်အထိ အနားယူပြီးမှ သွားပါ။