တချို့တွေရဲ့ My Day, Social Media Feed ကို ကြည့်လိုက်ရင် အေးအေးငြိမ်ငြိမ်လေးနဲ့ ဖန်တီးမှု အားကောင်းကာ လှတာကို သင်မြင်ဖူးမှာပါ။ သူတို့ တင်လိုက်သမျှ ပုံတိုင်းက ကြည့်လို့လှတဲ့အပြင် တင်တဲ့သူက Creation အားကောင်းတယ်ဆိုတာကို သိသာနေစေပါတယ်။ ဒီလို Social Media Feed တွေက အကဲခတ်သူတိုင်းကို အထင်ကြီးသွားစေတဲ့အပြင် စိတ်ဝင်စားမှုပါ မြင့်တက်စေနိုင်ပါတယ်။ ဒီတော့ သင့်ရဲ့ Social Media Feed ကို ဒီလိုလေး ဖြစ်အောင် ဘယ်လို ဖန်တီးနိုင်မလဲ၊ ဘယ်လို ဓာတ်ပုံရိုက်ရင် ကောင်းမလဲ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Ootd
သင့်ရဲ့ တစ်ကိုယ်လုံးစာ ဖက်ရှင်ကို တင်ပေးသင့်ပါတယ်။ အမြဲ Selfie တင်နေရင် ရိုးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်တစ်ကိုယ်လုံးစာ Outfit ကို ပြတဲ့ Outfit of the Day တွေကို တင်ပေးသင့်ပါတယ်။
၂။ ဖိနပ်ကို ရိုက်ပါ
ဖိနပ်တွေထဲကမှ ဓာတ်ပုံထဲလှတဲ့ ဖိနပ်အမျိုးအစားကတော့ Sneaker အမျိုးအစားပါ။ သင့်ရဲ့ Sneaker ဖိနပ်လှလှလေးကို ဓာတ်ပုံထဲ ဦးစားပေးပြီး ရိုက်ကာ တင်နိုင်ပါတယ်။
၃။ ကင်မရာကို ကြည့်မယ်
သင်ရယ်နေတဲ့ပုံစံတွေ၊ ဒါမှမဟုတ် ကင်မရာကို ကြည့်နေတဲ့ ပုံစံမျိုး ရိုက်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်မျက်လုံးကို ဦးစားပေးသင့်ပြီး မျက်လုံးက ကင်မရာနဲ့ စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်သင့်ပါတယ်။
၄။ Selfie ကို ခပ်ဝေးဝေးကနေ ရိုက်မယ်
ကိုယ့်ပုံကို အနီးကပ် Selfie မဟုတ်ဘဲ သူငယ်ချင်းတွေ ပါလာအောင် ဒါမှမဟုတ် နောက်က ရှုခင်း ပါလာအောင် အဝေးကနေ ကင်မရာကို ကိုင်သင့်ပါတယ်။ ဒီလိုလေး ဖန်တီးတာက ကြည့်တဲ့သူကိုလည်း ပိုစိတ်ဝင်စားစေပါတယ်။
၅။ မျက်နှာကို ကွယ်မယ်
Mirror Selfie ဆွဲပြီး မျက်နှာကို ကွယ်ထားတာ ဒါမှမဟုတ် ရယ်ရင်း မျက်နှာကို ကွယ်ထားတာ စတဲ့ စတိုင်လေးတွေက သင့် Social Media ကို ပိုလှစေတဲ့ အိုင်ဒီယာတွေ ဖြစ်ပါတယ်။
၆။ လေးပုံတွဲ
သင့်ရဲ့ Selfie ကို တစ်ပုံတည်း မဟုတ်ဘဲ လေးပုံလောက် ရိုက်ပြီး ဒါကို Collage လုပ်တာက တစ်ခါလောက် တင်ကြည့်သင့်တဲ့ စတိုင်ပါ။
၇။ အဝေးကို ကြည့်နေတာ
ကင်မရာကို မကြည့်ဘဲ တခြားဘက်ကြည့်ရင်း ပို့စ်ပေးတာက သဘာဝဆန်ဆန်လေးနဲ့ သင် သဘောကျမယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။
၈။ အဝါးစတိုင်
တချို့တွေက ကိုယ်ရိုက်တဲ့ စတိုင်ကို အကြည်မဟုတ်ဘဲ အဝါးစတိုင်လေး ရအောင် ဖန်တီးတတ်ကြပါသေးတယ်။
Photo Source: Pinterest
By MyStyle Myanmar







