ဆားဝက်ခြံက မိန်းကလေးပဲဖြစ်တာမဟုတ်ဘူး ယောင်္ကျားလေးတွေလည်း အရမ်းဖြစ်ပါတယ်။ ဆားဝက်ခြံကပ်ခွာတွေကပ်တာက ချက်ချင်းတော့ ဆားဝက်ခြံတွေကို ရှင်းသွားနိုင်ပေမယ့် ခဏကြာရင် ပြန်ထွက်လာတာပါပဲ။

ဒါကြောင့် ဆားဝက်ခြံရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် မုန့်ဖုတ်ဆိုဒါနဲ့ ပျားရည်ကိုသုံးပြီး ဆားဝက်ခြံတွေကို အပြတ်ရှင်းထုတ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

ဆားဝက်ခြံပျောက်ဖို့အတွက် မုန့်ဖုတ်ဆိုဒါနဲ့ ပျားရည်ကိုသုံးပြီး Baking Soda DIY Wash Off Mask လုပ်မှာပါ။

လုပ်ရမယ့်ပုံစံကတော့ ပန်းကန်လုံးအသေးလေးထဲကို မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သေချာသမအောင် မွှေပေးပါ။

သေချာမွှေပြီးလို့ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ Brush နဲ့ယူပြီး နဖူး၊ နှာခေါင်းနဲ့ မေးစိမှာ သုတ်လိမ်းပါ။ အဓိက ဆားဝက်ခြံပေါက်တဲ့နေရာတွေပဲ လုပ်ရမှာမို့ ပါးနှစ်ဖက်ကိုတော့ တစ်ပြင်လုံးမလုပ်ပဲ ပုံမှာပြထားတဲ့နေရာလေးမှာပဲ သုတ်လိမ်းပေးပါ။

၁၀ မိနစ် (သို့) ၁၅ မိနစ်ထားလိုက်ပြီး အချိန်ပြည့်ရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ Skincare Steps တွေလိမ်းလိုက်ရုံပါပဲ။ အားလုံးပဲ ဆားဝက်ခြံကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။