သင်က ကျန်းမာရေးကောင်းဖို့ ဒါမှမဟုတ် ခန္ဓာကိုယ်လှဖို့ လေ့ကျင့်ခန်းအမြဲလုပ်လေ့ရှိလား ? ဒါဆို သင်အပင်ပန်းခံပြီး ချွေးထွက်အောင်လုပ်ထားသမျှ အလဟသမဖြစ်စေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းမှာ ဒီအချက်တွေကို မလုပ်သင့်ပါဘူး ။

Stretching မလုပ်တာ

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပြီးရင် Stretching လုပ်ဖို့မမေ့ပါနဲ့ ။ Stretching မလုပ်တဲ့အခါ ကြွက်သားတွေကတင်းတာ နာတာတွေဖြစ်နိုင်တာမလို့ Stretching လုပ်ဖို့မမေ့ပါနဲ့ ။

ဖုန်းကိုတန်းကြည့်တာ

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်က အလုပ်မလုပ်တဲ့ အခိုက်အတန့်ပါပဲ။ လေ့ကျင့်ခန်းလုပ်နေတုန်း ဖုန်းကိုဘဲအာရုံရောက်နေရင် အာရုံပျံ့လွင့်နေပြီး လေ့ကျင့်ခန်းကို သေချာလုပ်နိုင်မှာမဟုတ်ပါဘူး ။ နောက်တခုက လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ဖုန်းတန်းမပွတ်ပါနဲ့ ။ လေ့ကျင့်ခန်းလုပ်ပြီးရင် တတ်နိုင်သမျှ အချိန်များများယူပြီး Endorphin-Induced မြင့်မားမှုကို ခံစားလိုက်ပါ။

အဝတ်အစားမလဲတာ

ရိုးရိုးသားသားပြောရရင် ချွေးတွေကပ်နေတဲ့အဝတ်အစားတွေက ညစ်ပတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အဝတ်အစားတွေက ခြောက်သွားရင်တောင် အနံ့ဆိုးတွေနဲ့ ဘက်တီးရီးယားတွေက ရှိနေပါသေးတယ်။ ဒါကြောင့် ချက်ချင်းရေမချိုးနိုင်ရင် အနည်းဆုံး အဝတ်အစားလဲပေးပါ။ လဲတဲ့အခါ အတွင်းခံနဲ့ခြေအိတ်တွေပါ လဲပေးပါ။

Calories များတဲ့အစားအစာတွေစားတာ

လေ့ကျင့်ခန်းလုပ်နေချိန်မှာ ကုန်ဆုံးသွားတဲ့ glycogen နဲ့ electrolytes တွေကို ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြီးလို့ အစာမစားရင် ပင်ပန်းနွမ်းနယ်တာ၊ သွေးတွင်းသကြားဓာတ်နည်းတာ တွေဖြစ်တတ်တဲ့အပြင် ကြွက်သားတွေ ပြန်လည်ကောင်းမွန်စေဖို့အတွက်လည်း မဖြစ်မနေ့စားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းသွားတာမလို့ လေ့ကျင့်ခန်းလုပ်ပြီးနောက် မိနစ် 30 အတွင်း ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါပေမယ့် စားတဲ့အခါ ပီဇာ၊ ဒိုးနပ် စတာတွေမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားပေးသင့်ပါတယ်။

ရေမသောက်တာ

ရေက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ရေဓာတ်ဖြည့်ပေးတာမလို့ လေ့ကျင့်ခန်းပြီးရင် ရေဆက်သောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ရေဓာတ်က ရောင်ရမ်းမှုကို လျော့ကျစေပြီး အဆစ်အမြစ်နာကျင်တာကို သက်သာစေနိုင်ပါတယ်။

အရက်သောက်တာ

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အရက်သောက်တာက ခန္ဓာကိုယ်အတွက် အဆိုးဆုံးအရာတွေထဲက တစ်ခုပါ။ Recover ဖြစ်တာကို နှေးစေတာမလို့ သင်ကြိုးစားပန်းစားလုပ်ထားသမျှ အကုန်အလကားဖြစ်ကုန်စေပါတယ်။