မိန်းကလေးတိုင်းရဲ့ အလှပြင်ဆင်တဲ့ပစ္စည်းတွေထဲမှာ Foundation ကတော့ အမြဲတမ်းပါနေတတ်ပါတယ်။ မျက်နှာအသားအရေမှာ ဘာအပြစ်နာဆာမှမရှိပဲ လှပနေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

ဒီလိုမျိုးဖြစ်ဖို့ဆိုရင်လည်း ဆင်ခြင်သင့်တာတွေ၊ ဂရုစိုက်ရမယ့်အရာတွေကို သေချာလိုက်နာပေးမှ သင့်တော်မှာပေါ့။

ဒါကြောင့် ပျိုမေတို့ရဲ့ Foundation လိမ်းရာကနေ ဖြစ်တတ်တဲ့ မှားယွင်းမှုလေးတွေကို ပြောပြပေးချင်ပါတယ်။

တစ်နှစ်လောက်ကြာပြီးသွားတဲ့ Foundation

ပျိုမေတို့ဘက်ကကြည့်ရင်လည်း သုံးလို့ရနေသေးတဲ့ Foundation ကိုလွှင့်ပစ်ပြီး နောက်တစ်ခုထပ်ဝယ်ဖို့ လိုလို့လားလို့ ထင်မိပါလိမ့်မယ်။ မျက်နှာအသားအရေကို ကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဒါကတကယ်ကို အရေးကြီးပါတယ်။

မိတ်ကပ်တွေမှာလည်း သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိပြီးသားပါ။ တစ်နှစ်ကျော်လောက်ကြာတဲ့ထိ ကျန်နေသေးတဲ့ Foundation ကိုတော့ ဆက်မသုံးဘဲ နောက်တစ်ခုအစားထိုးဖို့ အကြံပေးချင်ပါတယ်။

မျက်နှာအသားအရေကိုလိုက်ပြီး

မျက်နှာအသားအရေဆိုတာလည်း နေထိုင်မှုပုံစံတွေနောက်ကို လိုက်ပြီးပြောင်းလဲမှုတွေလည်း အများကြီးပဲရှိနေပါတယ်။ သင့်အသားအရေက အရင်ကခြောက်သွေ့တဲ့အသားအရေဆိုရင် သင်က Foundation လိမ်းတဲ့အခါမှာ စိုစိုလေးနဲ့ ပြောင်ပြောင်လေးဖြစ်မယ့်ဟာကို ရွေးပြီးသုံးမိမှာပဲလေ။

အခုနောက်ပိုင်းမှာ မျက်နှာအသားအရေက အရင်ကနဲ့မတူတော့ပဲ အဆီပြန်နေမယ်ဆိုရင် အရင်ကသုံးခဲ့တဲ့ Foundation ကိုပဲဆက်ပြီးသုံးနေမယ်ဆိုရင်တော့ အဆီတွေအရမ်းပြန်လာမှာပေါ့။ ဒါကြောင့် အသားအရေကိုလိုက်ပြီးတော့ Foundation ကိုလည်းလိုက်ပြောင်းသင့်ပြီပေါ့။

မျက်နှာအသားအရေနဲ့မတည့်နေဘူးဆိုရင်

အခုလက်ရှိသုံးနေတဲ့ Foundation ကြောင့် သင့်မျက်နှာမှာဝက်ခြံတွေ ဖြစ်လာမယ်ဆိုရင်တော့ နောက်တစ်မျိုးကို ပြောင်းပြီးသုံးကြည့်သင့်ပါပြီ။ ဝက်ခြံဖြစ်စေတဲ့ Foundation ကိုဆက်ပြီးသုံးနေရင် သင့်မျက်နှာကိုပဲ ပိုပြီးပျက်စီးစေမှာပေါ့။

မလိုက်ဖက်နေဘူးဆိုရင်

မိတ်ကပ်တိုင်းကတော့ သင်နဲ့လိုက်ဖက်မှုမရှိနိုင်ပါဘူး။ အခုလက်ရှိသုံးနေတဲ့ Foundation ကိုသင့်အနေနဲ့ သဘောမကျရင်၊ သင်နဲ့လိုက်ဖက်မှုမရှိဘူး၊ အဆင်မပြေဘူးလို့ခံစားနေရမယ်ဆိုရင် ဆက်မသုံးပါနဲ့တော့။ နောက်ထပ်သင့်အသားအရေနဲ့ အဆင်ပြေပြီး လိုက်ဖက်မှုရှိစေမယ့် မိတ်ကပ်မျိုးကို သေချာမေးမြန်းပြီးဝယ်ယူသင့်တယ်နော်။

ဒီအချက်တွေကတော့ သင်အခုလက်ရှိသုံးနေတဲ့ Foundation ကိုတစ်ခြားနဲ့ အစားထိုးသင့်ပြီဆိုတာကို ဖော်ပြနေတဲ့အရာတွေပဲဖြစ်ပါတယ်။