ဘဝဆိုတာ အလိုက်သင့်ညှိယူရင်းနဲ့ပဲ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားရတာမျိုး ဖြစ်ပါတယ်။ ဘဝမှာ အကောင်းဆုံးပုံစံနဲ့ နေထိုင်သွားဖို့ ဆုံးဖြတ်ထားတယ်ရင် အခုပြောမယ့် နည်းလမ်းတွေ လိုက်နာဖို့ အကြံပြုချင်ပါတယ်။

(၁) လွှတ်ချတတ်ပါစေ

ဘဝမှာ ရှေ့ဆက်ရောက်နိုင်ဖို့ ဆိုရင် မလိုတဲ့အရာတွေနဲ့ ရှေ့မရောက်အောင် ဆွဲထားတဲ့ အရာတွေကို လွှတ်ချ Letting Go လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ဝန်းကျင်မှာ ရှိပြီး ကိုယ့်ကို ပိတ်ပင်ချုပ်နှောင်ထားတဲ့ နောက်ဆွဲတွေကို ဖယ်ရှားရဲပါစေ။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ ကျန်ခဲ့ပြီလို့ပဲ တွေးထားလိုက်ပါ။

(၂) ပျော်ပျော်ရွှင်ရွင် အလုပ်လုပ်ပါ

ပျော်ပျော်ကြီး အလုပ်လုပ်နိုင်ဖို့ ကိုယ်ပျော်တဲ့ အလုပ်ဖြစ်ဖို့ လိုမှာပါ။ အခုလုပ်နေတဲ့ အလုပ်က ကိုယ်တကယ် Passion ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားပါ။ ကိုယ်တကယ် အရူးအမူးလုပ်ချင်တဲ့ အလုပ်မျိုးမှာ လုပ်မှ အလုပ်သွားတိုင်း တက်ကြွပြီး လုပ်ငန်းခွင်မှာလည်း အောင်မြင်မှုတွေ ရလာမှာ ဖြစ်ပါတယ်။

(၃) အခွင့်အလမ်းတွေ ဖွင့်ထားပါ

အခွင့်အလမ်းက သင့်တံခါးကို လာခေါက်တဲ့အခါ တံခါးနားမှာ ကိုယ်ရှိနေပါစေ။ လာသမျှ အခွင့်အလမ်းတိုင်းကို ဖမ်းဆုပ်နိုင်ဖို့ ကိုယ့်မှာ အဆင်သင့်ရှိနေပါစေ။ ကိုယ့်ဘဝမှာ ဆန္ဒတွေနဲ့တင် ပြီးသွားလို့ မဖြစ်သင့်ပါဘူး။ ကိုယ့်စိတ်ကူးတွေကို အကောင်အထည်ဖော်သွားဖို့လည်း လိုပါတယ်။

(၄) အပေါင်းအသင်း မှန်ပါစေ

ကိုယ်ပေါင်းသင်းနေတဲ့လူတွေက ကိုယ့်ရဲ့ အနာဂါတ်ကို တစ်နည်းတစ်ဖုံနဲ့ ပုံဖော်နိုင်တဲ့သူတွေဆိုတာ သိထားပါ။ အပေါင်းအသင်း ရွေးချယ်မှုမှားရင် လမ်းမှားရောက်ဖို့ ပိုအလားအလာများတာပါပဲ။

တိုးတက်အောင်မြင်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့ ကိုယ့်ကွန်ရက်ကိုလည်း အကောင်းဆုံး လူတွေနဲ့ စတင်ဖို့ လိုပါတယ်။ မကောင်းမြင်တဲ့သူတွေ ၊ ညည်းညူတတ်သူတွေနဲ့ ဝေးဝေးက ရှောင်ပါ။

(၅) ခြေတစ်လှမ်းက စပါ

အဝေးကြီးသွားဖို့ ခြေတစ်လှမ်းချင်းက စတင်တာပါ။ ပုံမှန် ခြေတစ်လှမ်းချင်း လှမ်းသွားဖို့ပဲ လိုပါတယ်။ တစ်ခါတည်းနဲ့ Big Plan ကြီး ချမယ့်အစား အရင်ဆုံး အသေးစိတ် လုပ်စရာလေးတွေတစ်ခုချင်းကို အာရုံစိုက်သွားဖို့ တိုက်တွန်းချင်ပါတယ်။