လက်သည်းကို Almond Shape ထားတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းဆန်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တချို့လက်သည်းဒီဇိုင်းလေးတွေဆိုရင် ၂၀၂၄ မှ ခေတ်စားလာတဲ့ ဒီဇိုင်းပုံစံလေးတွေလည်း ဖြစ်ပါတယ်။

ပန်းရောင်အတောက်တွေ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကို ပုံဖော်ကြည့်ပါ။ မြင်နေကျနဲ့မတူပဲ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ ပန်းပွင့်ဒီဇိုင်းကို ပုံဖော်ထားတာက အသက်ပါပဲ။

အရောင်နုနုလေးတွေ ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီးလှပါတယ်။

လိပ်ပြာပုံကို ဒီဇိုင်းဆန်းအောင် ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ပါ။ ဆန်းသစ်ပြီး အရမ်းလည်းလှပါတယ်။

မိုးပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဒီဇိုင်းဆန်းလေးပါ။ Ribbon လက်သည်းဒီဇိုင်းလေးတွေက ၂၀၂၄ မှ ခေတ်စားလာတာပါ။

အဖြူရောင်ဆိုးမယ်ဆိုရင် လူငယ်ဆန်တဲ့ ဒီလက်သည်းဒီဇိုင်းအဆန်းလေးကို ပုံဖော်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

မိုးပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ် ဒီဇိုင်းဆန်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အသီးပုံလေးတွေကို ပုံဖော်ထားတာက ချစ်ဖို့ကောင်းပါတယ်။

အဖြူရောင်ဆိုးတဲ့အခါ လှပပြီး ဒီဇိုင်းလည်းဆန်းနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။ ပုလဲလုံးလေးတွေကပ်ပြီးတော့ ပုံဖော်ထားတာက အသက်ပါပဲ။

မြင်နေကျဒီဇိုင်းတွေနဲ့ လုံးဝမတူပဲ ကွဲထွက်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ကြည့်လိုက်တာနဲ့ ဒီဇိုင်းဆန်းမှန်း သိသာစေပါတယ်။

ရှင်းရှင်းလေးနဲ့ ဆန်းတာမျိုး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ ပုလဲလုံးသေးသေးလေးတွေကို ကပ်ထားတာနဲ့ အရောင်လေးနဲ့ ရှင်းပြီးလှပါတယ်။

အရောင်စုံပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အခုမှအဆန်းလေးပါ။ အရမ်းလည်းလှတဲ့ ဒီဇိုင်းလေးပါပဲ။