ခေတ်မီပြီး ဖက်ရှင်ရေစီးကြောင်းနောက် လိုက်လေ့ရှိတဲ့ စတိုင်လ်ကျသူတို့အတွက် ဆံပင် ကာလာချိန်းခြင်းက ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်တော့ပါဘူး။ ဒီလို ဆံပင်ကာလာ ချိန်းတဲ့အခါမှာ အဓိက အရေးအကြီးဆုံးအချက်ကတော့ ကိုယ် ရွေးချယ်လိုက်တဲ့ ဆံပင်ဆိုးဆေးအရောင်က ကိုယ့်အသားအရေနဲ့ လိုက်မလိုက်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ပဲ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ဆံပင်အရောင်မပြောင်းခင်မှာ ကိုယ်ညှပ်ထားတဲ့ ဆံပင်စတိုင်လ်က ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်ဖို့လည်း လိုအပ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ဆံပင်စတိုင်လ်က ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်နေတယ်ဆိုရင်တော့ အရင်ဆုံး ဆံပင်စတိုင်လ်ကို ပြောင်းလိုက်ပါ။ နောက်မှ ဆံပင်ကာလာ ချိန်းလိုက်ရမှာဖြစ်ပါတယ်။
ဆံပင်ကာလာ ချိန်းဖို့အတွက် ဘယ်အရောင်ကို ရွေးချယ်ရမှန်းမသိ ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးရဲ့အကူအညီကို ရယူနိုင်ပါတယ်။
လတ်တလောမှာ ရေပန်းစားနေတဲ့ ဆံပင်အရောင်တွေက ဘယ်အရောင်တွေဖြစ်မလဲ။
ကြေးနီညိုရောင်
ဒီဆံပင်အရောင်ကတော့ အသားအရောင်မဖြူ မညို၊ အလယ်အလတ် အသားအရောင်ပိုင်ရှင်များနှင့် လိုက်ဖက်ပါတယ်။
ရွှေအိုရင့်ရောင်
ဒီဆံပင်အရောင်ကတော့ အသားဖြူတဲ့သူတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်တစ်မျိုးပဲဖြစ်ပါတယ်။
အလယ်အလတ်အညိုရောင်
ဒီဆံပင်အရောင်ကတော့ အသားဖြူသူများ၊ အသားလတ်သူများနှင့် လိုက်ဖက်တဲ့ ဆံပင်အရောင်တစ်ခုဖြစ်ပါတယ်။
မဟော်ဂနီရောင်
ဒီဆံပင်အရောင်ကတော့ အသားအနည်းငယ် ညိုသူများ၊ အသားလတ်တဲ့သူတို့နဲ့ လိုက်ဖက်ပါတယ်။ ဆံပင်စတိုင်ကတော့ ဆံပင်အုံထူထူလေးနဲ့ဆို ညှို့ငင်အားပြင်းနေမှာပဲဖြစ်ပါတယ်။
အညိုရောင်
ဆံပင်အရောင်လည်း ချိန်းချင်တယ်၊ ဒါပေမယ့် ဆံပင်အရောင်တောက်တောက်ကြီးတွေလည်း သဘောမတွေ့ဘူးဆိုရင်တော့ ဒီလိုမျိုးသဘာဝအရောင်လေးကို ရွေးချယ်နိုင်ပါတယ်။ ဒီအရောင်လေးကတော့ အသားလတ်သူများ၊ အသားညိုသူများနှင့် လိုက်ဖက်ပါတယ်။
ရွှေအိုရောင်ဆံပင်
ဒီရွှေအိုရောင်ဆံပင်အရောင်လေး ဆိုးထားမယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာကို သေသေချာချာဖြီးလိမ်း ပြင်ဆင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှ သင့်ရဲ့ဆံကေသာက အရောင်တောက်တောက်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။