ရည်းစားဖြစ်ခါစမှာထဲက အဆင်မပြေရင် ရေရှည်အတွက် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ပျော်ရွှင်ရမယ့်အစား စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေပဲဖြစ်ပြီး Toxic ဆန်တဲ့ Relationship ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမျိုးတွေမဖြစ်အောင် ရည်းစားဖြစ်ခါစမှာ လုံးဝမလုပ်သင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

စတင် Control လုပ်ခြင်း

ရည်းစားစဖြစ်ထဲက ကိုယ့်စိတ်တိုင်းကျတွေနေခိုင်ပြီး ဟိုမသွားရဘူး၊ ဒီမသွားရဘူး၊ ဟိုလူနဲ့မပေါင်းရဘူး၊ ဒီလူနဲ့မပေါင်းရဘူး၊ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုပြီး အရာရာကို တစ်ခုချင်းစီလိုက်ပြောပြီး Control လုပ်တာမျိုးတွေ ဆင်ခြင်သင့်ပါတယ်။ ရည်းစားစဖြစ်ထဲက တစ်ဖက်လူက စိတ်ထဲတစ်မျိုးဖြစ်ပြီး စိတ်ကုန်သွားတာမျိုးတွေ၊ မလွတ်လပ်တော့ဘူးဆိုတဲ့စိတ်ဝင်ပြီး လိမ်ညာတာမျိုးတွေ ရှိလာဖို့များပါတယ်။

ပြောင်းလဲပစ်ခြင်း

အရာရာကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲပစ်ချင်တာမျိုးလည်း မလုပ်ပါနဲ့။ ကိုယ်နဲ့တွဲပြီဆို ကိုယ့်စိတ်တိုင်းကျနေရမယ်ဆိုပြီး တစ်ဖက်လူကို ပြောင်းလဲခိုင်းတာမျိုးတွေလည်း မလုပ်ပါနဲ့။ ကိုယ်တိုင်လည်း တခြားသူကြောင့် ကိုယ့်စိတ်အခြေအနေ၊ ကိုယ်ကြိုက်တဲ့အရာတွေကို ပြောင်းလဲပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ လွတ်လပ်ခွင့်တွေဆုံးရှုံးသွားရင် မွန်းကြပ်ပြီး ပျော်တော့မှာမဟုတ်ပါဘူး။

အရာရာသိချင်နေခြင်း

ရည်းစားဖြစ်ခါစမှာထဲက သူများမပြောပြချင်တဲ့အကြောင်းအရာတွေ၊ အတွင်းရေး Pravicy ဘာမှမရှောင်ပဲ အရာရာကိုသိချင်နေတာမျိုးကလည်း မလုပ်သင့်ပါဘူး။ တွဲရင်းအချိန်ကြာလာတာနဲ့အမျှ တစ်ဖြေးဖြေးသိလာရမှာတွေကို အစမှာထဲက အတင်းမေးမြန်းတာ၊ စပ်စုတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။

Respect မရှိခြင်း

ရည်းစားဘဝမှာတင်မဟုတ်ပဲ အိမ်ထောင်သည်ဘဝ၊ သူငယ်ချင်း၊ မိသားစုကြားမှာလည်း Respect ဆိုတာ ရှိရမှာပါပဲ။ Respect မရှိရင် ခဏခဏပြဿနာတွေတက်ရပြီး ရေရှည်မှာ အဆင်မပြေတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ခံစားချက်ကိုမထိန်းချုပ်နိုင်ခြင်း

ရည်းစားစဖြစ်ခါစမှာထဲက အော်ငေါက်ပြီး ဆဲဆိုနေတာမျိုးတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေ စတဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်နိုင်တာမျိုးတွေ ဖြစ်လာရင် တစ်ဖက်လူက စိတ်ပျက်ပြီး ခဏလေးနဲ့ လမ်းခွဲရတဲ့အဖြစ်မျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်က အရမ်းကိုအရေးကြီးပါတယ်။