Chemical ပါတဲ့ Scrubs တွေသုံးရတာ အဆင်မပြေဘူး ၊ မျက်နှာကပိုပြီး အဆီပြန်လာလို့ စိတ်ညစ်နေရင် သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတဲ့ Homemade Scrubs တွေကို သုံးကြည့်ပါ။ Chemical မပါလို့ ဓာတ်မတည့်မှာလည်း စိုးရိမ်စရာမလိုပါဘူး။
ခရမ်းချဉ်သီး နဲ့ သကြား Scrub
အဆီပြန်တဲ့အသားအရေအတွက် Scrub လို့ပြောရင် ဒီတစ်ခုက လူကြိုက်အများဆုံး ဖြစ်နေတုန်းပါပဲ။ သကြားထည့်ပြီးဖျော်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ပေးပါ။ ၅-၇ မိနစ်လောက် ပွတ်ပြီးရင် ရေအေးနဲ့ ဆေးချပါ။ အသားအရေကို ကြည်လင်ဝင်းပစေဖို့ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။
ပင်လယ်ဆား၊ သံပုရာ နဲ့ ပျားရည် Scrub
ပင်လယ်ဆား၊ သံပုရာသီးနဲ့ ပျားရည် သုံးမျိုးလုံးက အညစ်အကြေးတွေကို ဖယ်ရှားတဲ့နေရာမှာ အစွမ်းထက်တဲ့သဘာဝပစ္စည်းတွေပါ။ ပျားရည် 2 ဇွန်း ၊ သံပုရာရည် 2 ဇွန်း နဲ့ ပင်လယ်ဆား 1 ဇွန်းတို့ကို သမအောင်ရောမွှေပြီး မျက်နှာကိုလိမ်းပေးပါ။ လိမ်းပြီးရင် ၁၀-၁၅ မိနစ်လောက် အသာအယာလေး ပွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။
ကီဝီ Scrub
ကီဝီက Sebum ထုတ်တာကို ထိန်းချုပ်ပေးပြီး ဝက်ခြံထွက်တာကို ထိန်းပေးတာကြောင့် သင့်အသားအရေကို နုပျိုစေမှာ အသေချာပါ။ သကြား 2 ဇွန်း နဲ့ သံလွင်ဆီ 2 စက် ထည့်ပြီး ကြိတ်ထားတဲ့ ကီဝီကို မျက်နှာနဲ့လည်ပင်းအနှံ့ လိမ်းပြီး ၂ မိနစ်လောက်ထားပါ။ နောက် ၂-၃ မိနစ်လောက်ကြာအောင် ပွတ်ပြီးမှ ရေနဲ့ဆေးချလိုက်ပါ။
ကော်ဖီ နဲ့ ဒိန်ချဉ် Scrub
အဆီပြန်တဲ့အသားအရေအတွက် အံ့သြစရာကောင်းတဲ့ရလဒ်ကို ရစေတာက ကော်ဖီနဲ့ ဒိန်ချဉ် Scrub ပါ။ ကော်ဖီ 2 ဇွန်း နဲ့ ဒိန်ချဉ် 2 ဇွန်းကို သမအောင်မွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ လိမ်းပြီး 5-10 မိနစ်ကြာအောင် စက်ဝိုင်းပုံစံ နှိပ်ပေးပါ။ အကောင်းဆုံးရလဒ်ရဖို့ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် လုပ်ပေးပါ။
သင်္ဘောသီး Scrub
အဆီပြန်တဲ့အသားအရေအတွက် Scrub တွေထဲမှာ ချန်ထားလို့မရတာက သင်္ဘောသီး Scrub ပါ။ သင်္ဘောသီးမှည့် ၁ လုံးကို သံပုရာရည် 2 ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာကိုလိမ်းပြီး ၅-၇ မိနစ်လောက် မျက်နှာကို နှိပ်ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။