Beyoncé ရဲ့ နာမည်အပြည့်အစုံကတော့ Beyoncé Giselle Knowles-Carter ဖြစ်ပြီး သီချင်းကောင်း အမြောက်အမြားကို သီဆိုတဲ့ အမေရိကန် အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။
သူမဟာ သီချင်းရေးဆရာတစ်ယောက်လည်းဖြစ်သလို မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ငယ်ငယ်ကတည်းက သီချင်းပြိုင်ပွဲများ၊ အကပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး အနုပညာဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။
Beyoncé ဟာ ၁၉၉၀ နှောင်းပိုင်းတွင် အဓိကအဆိုရှင်အဖြစ် ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ သူမကို ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က ဖွားမြင်ခဲ့ပြီး Jay-Z ဆိုတဲ့ အမေရိကန်ရက်ပ်အဆိုတော်တစ်ယောက်နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။
Beyoncé ရဲ့ သီချင်းကောင်းတွေ အမြောက်အမြားရှိတဲ့အထဲကမှ လူကြိုက်အများဆုံး သီချင်းအချို့ကို သူမရဲ့ပရိသတ်တွေအတွက် ဝေမျှပေးချင်ပါတယ်။
Halo
ဒီသီချင်းလေးကတော့ ၂၀၁၀ ဂရမ်မီဆုပေးပွဲမှာ သူမကို ဂရမ်မီဆုတစ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Upgrade U
Beyoncé နဲ့ Jay-Z တို့ရဲ့ အတွဲညီညီ သီဆိုထားတာကို ဒီသီချင်းလေးထဲမှာ နားဆင်ခံစားနိုင်ပါတယ်။
Dance For You
ဒီသီချင်းလေးကို သီဆိုတဲ့အချိန်တိုင်းမှာ သူမရဲ့ ခံစားချက်တစ်စုံတစ်ရာကို ကောင်းကောင်းကြီး ခံစားရတယ်လို့ ပြောခဲ့ဖူးပါတယ်။ ထိုခံစားချက်ဆိုတာကတော့ လွတ်လပ်ပေါ့ပါးနေတဲ့ ခံစားချက်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပဟေဠိဆန်တဲ့ ခံစားချက်မျိုးလည်း ခံစားရတယ်လို့ ပြောပါတယ်။
Hold Up
ဒီသီချင်းလေးကတော့ သူ့ရဲ့အမျိုးသားအတွက် သီဆိုထားတာဖြစ်ပါတယ်။ သီချင်းစာသားလေးထဲမှာ ဘယ်သူမှ နင့်ကို ငါ့လောက် မချစ်နိုင်ဘူးဆိုပြီး သီဆိုထားတာ တွေ့ရပါတယ်။
Run The World
ဒီသီချင်းလေးကတော့ Woman Empowerment သီချင်းလေးဖြစ်ပြီး The-Dream က ရေးသားထားတာဖြစ်ပါတယ်။
All Night
ဒီသီချင်းလေးကတော့ သစ္စာဖောက်ခံရပေမယ့် အဆုံးသတ်မှာတော့ ခွင့်လွှတ်ပေးလိုက်တာဖြစ်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။ Zendaya ၊ Chloe ၊ Halle နဲ့ Amandla Stenberg တို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
Apeshit – Featuring Jay-Z, THE CARTERS
ဒီသီချင်းလေးကတော့ Beyoncé ရဲ့ အကောင်းဆုံးသီချင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။ ဒီသီချင်းလေးကနေ Best Song OF The Year ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Irreplaceable
ဒီသီချင်းလေးကိုတော့ R&B အဆိုတော် Ne-Yo က ရေးဖွဲ့သီကုံးပေးထားတာဖြစ်ပါတယ်။ Ne-Yo ဟာ သူ့ရဲ့အဒေါ်အပေါ် သစ္စာမရှိကာ ဖောက်ပြန်တဲ့ပါတနာအကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။
Single Ladies
ဒီသီချင်းလေးကတော့ ၂၀၁၀ တုန်းက Song Of The Year ဆု၊ Best Female R&B Vocal Performance ဆုနဲ့ Best R&B Song ဆု စတဲ့ ဂရမ်မီဆု သုံးခုတောင် ဆွတ်ခူးရရှိစေခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
***Flawless – Ft.Chimamanda Ngozi Adichie
ဒီသီချင်းလေးသည်လည်း စစထွက်ချင်းမှာပဲ ပရိသတ်အားပေးမှုကို ခံခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Nikki Minaj နဲ့ တွဲဖက်ကာ Remix သီချင်းပြန်လည်ဖန်တီးခဲ့ပါသေးတယ်။