အားလုံးပဲ မင်္ဂလာပါ။ ကောင်မလေးတွေအနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်ကိုဘယ်လိုလေး လက်ထပ်ခွင့်တောင်းရင်တော့ ကောင်းမှာပဲ၊ ရိုမန့်တစ်ဖြစ်မှာပဲ ဆိုပြီး စိတ်ကူးယဉ်ကြပါတယ်။
စပရိုက်မကြိုက်တဲ့ မိန်းကလေးရယ်လို့တော့ မရှိပါဘူးနော်။ တစ်ခါတလေမှာ ကိုယ့်ချစ်သူက အလုပ်များလို့ အမှတ်တရနေ့လေးတွေ မေ့တယ်ဆိုရင်တော့ ပျိုမေလေးတွေခမျာ ဝမ်းနည်းပက်လက်ဖြစ်ရတာပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူလေး မျက်နှာမှာ အပြုံးပန်းလေး ပွင့်လန်းဖို့အရေး၊ ကိုယ့်ကို အချစ်တိုးဖို့အရေး သူမရဲ့ မျက်နှာကိုအကဲခတ်တတ်ဖို့တော့ လိုမယ်နော်။
ဒီတစ်ခါမှာတော့ မိန်းကလေးတိုင်း အားကျစရာဖြစ်အောင်လို့ နာမည်ကြီး အနုပညာရှင်စုံတွဲတို့ရဲ့ အင်မတန်ရိုဆန်ဆန်နဲ့ လက်ထပ်ခွင့်ဘယ်လိုတောင်းခဲ့ကြသလဲဆိုတာ ပြောပြချင်ပါတယ်။
Devon Windsor နဲ့ Jonathan Barbara
Photo Shoot အတွက် ကျွန်းတစ်ခုကိုသွားနေတာဆိုပြီး Victoria Secret မော်ဒယ်လ် Devon Windsor ကို ပြောထားကြပေမယ့် တကယ်တမ်းရောက်လို့ ရေယာဥ်ပျံကနေပြီး အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ သဲသောင်ပြင်ပေါ်မှာ နှင်းဆီပွင့်ဖတ်တွေနဲ့ “Marry Me” ဆိုပြီး ရေးထားတာကို တွေ့လိုက်ရတာပါပဲ။
John Stamos နဲ့ Caitlin McHugh
နာမည်ကျော် Netflix Series တစ်ခုဖြစ်တဲ့ Fuller House ထဲက မင်းသား John Stamos ဟာ ၂၀၁၇ ခုနှစ်မှာတော့ တွဲနေတာတစ်နှစ်ကျော်လာပြီဖြစ်ပြီး ကိုယ်ဝန်လည်းရနေပြီဆိုတဲ့အချိန်မှာ သူ့ချစ်သူကောင်မလေးကို ကမ္ဘာ့ပျော်စရာအကောင်းဆုံး နေရာတစ်ခုဖြစ်တဲ့ Disney ပန်းခြံမှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
Kate Wright နဲ့ Rio Ferdinand
ဘောလုံးသမားဟောင်းဖြစ်တဲ့ Rio Ferdinand ဟာ သားသမီး ၃ ယောက်နဲ့အတူ Kate Wright မသိအောင် Proposal ကို လျှို့ဝှက်ပြင်ဆင်ခဲ့ကြပြီး Abu Dhabi ကို မိသားစုခရီးအတူထွက်ကြရင်းနဲ့မှ အပန်းဖြေဟိုတယ်ရဲ့ ရဟတ်ယာဥ်နားတဲ့အမိုးပေါ်ခေါ်သွားပြီး လှပလွန်းတဲ့ညရှုခင်းကို နောက်ခံထားကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
Paris Hilton နဲ့ Carter Reum
Paris Hilton တစ်ယောက် သူမချစ်သူနဲ့အတူ ကိုယ်ပိုင်ကျွန်းပေါ်မှာ သူမမွေးနေ့ကျင်းပနေချိန်မှာပဲ ဒူးထောက်ကာလက်ထပ်ခွင့်တောင်းခဲ့တာပါ။ အသက် ၄၀ ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကနေ စတင်တွဲခုတ်ခဲ့ပြီး ၂၀၂၁ မှာ လက်ထပ်ခဲ့ပါတယ်။
Leigh-Anne Pinnock နဲ့ Andre Gray
ကမ္ဘာကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ Little Mix ထဲက Leigh-Anne Pinnock ဟာ သူမရဲ့ ဘောလုံးကစားသမားချစ်သူနဲ့အတူ အိမ်နောက်ဖေးခြံဝန်းထဲမှာ အတူတူရုပ်ရှင်ကြည့်နေကြရင်း ရုပ်ရှင် ရုတ်တရက်ရပ်သွားပြီး သူတို့တွဲနေတဲ့အချိန်တစ်လျှောက် ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေပေါ်လာခဲ့ပါတယ်။ အဲ့ဒီ့နောက် သူမချစ်သူက ဒူးထောက်ကာလက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။
Demi-Leigh Tebow နဲ့ Tim Tebow
ရက်ဂ်ဘီ ဘောလုံးကစားသမား Tim Tebow ရဲ့ချစ်သူကောင်မလေးဟာ Miss Universe 2017 ဖြစ်ပါတယ်။ သူကြီးပြင်းလာခဲ့တဲ့ ဖလော်ရီဒါက မွေးမြူရေးခြံထဲမှာ သူတို့နှစ်ဦး စတင်ဆုံတွေ့ခဲ့တဲ့ ရက်စွဲကိုရေးထိုးထားတဲ့ Custom-made ခုံတန်းလျားနဲ့ အပြင်အဆင်တွေပါ သေချာစီစဥ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။
Scotty McCreery နဲ့ Gabi Dugal
North Carolina မှာ အတူတူ တောင်တက်ကြရင်း ထိပ်ဆုံးကိုရောက်တဲ့အချိန်ကြတော့မှ စိမ်းစိုလှတဲ့ တောအုပ်တောင်တန်း ရှုခင်းကိုနောက်ခံထားပြီး ချစ်သူအဖြစ်ကနေ အိမ်သူချစ်ဇနီးမယားအဖြစ် သူနဲ့တစ်သက်လုံးအတူတူနေဖို့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
Lily Collins နဲ့ Charlie McDowell
Emily in Paris ဇာတ်ကားရဲ့ မင်းသမီးချော Lily Collins ကိုတော့ သူမချစ်သူဖြစ်တဲ့ စာရေးဆရာနဲ့ဒါရိုက်တာ Charlie McDowell ဟာ New Mexico ကို ခရီးထွက်နေရင်း ပရိုပို့စ်လုပ်ခဲ့တာပါ။ မင်းသမီးကိုပေးတဲ့ လက်စွပ်ဆိုရင်လည်း သူမအကြိုက်တွေကို အလေးအနက်ထားပြီး ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။
Michael Clifford နဲ့ Crystal Leigh
တွဲနေတာ ၃ နှစ်ကြာပြီဖြစ်ပြီး ဘာလီကို နှစ်ဦးအတူတူ ခရီးထွက်ကြရင်း ဂစ်ကာသမား Michael Clifford ဟာ ကမ်းခြေပေါ်မှာ ရိုမန့်တစ်ဆန်လှတဲ့ Picnic ကို ဖန်တီးပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ရှုခင်းနဲ့အတူ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။
Kourtney Kardashian နဲ့ Travis Barker
Travis Barker ဟာ ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းခြေဟိုတယ်တစ်ခုမှာ ထောင်ပေါင်းများစွာသော နှင်းဆီပွင့်ဖတ်တွေ၊ ဖယောင်းတိုင်တွေနဲ့ ရိုမန့်တစ်ဆန်ဆန် ပြင်ဆင်ပြီး သူ့ချစ်သူ Kourtney Kardashian ကို ပရိုပို့စ်လုပ်ခဲ့ပါတယ်။
Image Source: BrightSide
By MyStyle Myanmar