ဆံပင်တွေဖြူနေလို့ ဆေးလည်းဆိုးချင်တယ်။ ဆံပင်ထိမှာ ပျက်စီးမှာဆိုးလို့ Chemical ပါတဲ့ဆိုးဆေးတွေလည်း မသုံးချင်ဘူးဆိုရင် India မိန်းခလေးတွေ ဒန်းဆိုးတဲ့နေရာမှာသုံးတဲ့ Henna အမှုန့်ကိုသုံးလို့ရပါတယ်။ ဒါကတော့ Henna အမှုန့်ကိုသုံးရင် ရလာမယ့်ကောင်းကျိုးတွေပါ။
ဓာတုပစ္စည်းမပါဘူး
ဆံပင်ကို ပျက်စီးစေနိုင်တဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေမပါတော့ ဆံပင်ထိခိုက်ပျက်စီးမှု ပူစရာမလိုတော့ပါဘူး။
ကျန်းမာစေတယ်
Henna အမှုန့်က ဆံပင်ကိုအရောင်တင်ပေးရုံတင်မကပါဘူး ။ Organic Hair Treatment ဖြစ်တာမလို့ ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။
Henna အမှုန့်ကိုသုံးပြီး ဆံပင်ဆိုးတဲ့အခါ အရောင်ကျမသွားဘဲ ကြာရှည်ခံစေပါတယ်။
တောက်ပစေတယ်
Henna အမှုန့်က အပေါ်ကအချက်တွေသာမကဘဲ တောက်ပတဲ့ဆံပင်ကိုလည်း ရစေနိုင်ပါတယ်။