တက်တူးထိုးတာနဲ့ ပတ်သက်ရင် ကိုယ့်ထက် အသက်ပိုကြီးတဲ့ လူကြီး အများစုက သဘောမကျတတ်ပါဘူး။တချို့ဆိုရင် မိဘတွေက ဘယ်လိုမှ လက်မခံနိုင်တာတွေ ရှိပါတယ်။ သင့်အနေနဲ့ ဘယ်သူ့စကားကိုမှ ခေါင်းထဲ မထားဘဲ ကိုယ့်စိတ်ထဲ အမှန်တကယ် လုပ်ချင်တယ်ဆိုရင် ရအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတို့အတွက် “My Body My Choice” ဆိုတဲ့ စကားက ပေါ်ပေါက်လာတာပါ။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဘာလုပ်လုပ် ဒါကိုယ့်ကိစ္စပါ။ သင်က တက်တူးထိုးဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ တက်တူးပုံ လှလှလေးတွေ ရှာစုထားသင့်ပါတယ်။
သင့်မှာ နမူနာ ပုံစံ ရှိရင် တက်တူးပညာရှင်ကို အလွယ်တကူ ပြောပြနိုင်ပါတယ်။ ဒီတော့ တက်တူးထိုးချင်တဲ့ကောင်မလေးတွေအတွက် နမူနာ ယူနိုင်မယ့် ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။
ကိုယ်မွေးတဲ့ ခုနှစ်ကို တန်ဖိုးထားကာ ထိုးချင်သူတို့အတွက်
ပန်းပွင့်ပုံစံလေးတွေ သဘောကျတဲ့ ကောင်မလေးတွေအတွက်
ကြယ်ပုံစံ ၊ လပုံစံ အမျိုးမျိုး
အရောင်စပ် တက်တူးလေးတွေ သဘောကျတဲ့ မိန်းကလေးတွေ အတွက်
သင်ချစ်တဲ့ တိလေးတွေကို ထာဝရ မြင်နိုင်ဖို့
သင်သဘောကျတဲ့ စာသားပုံစံတွေ
ဒီတက်တူးပုံစံတွေထဲ ဘယ်ပုံစံ ထိုးမယ်လို့ စိတ်ကူးဖူးလဲ ပြောပြဖို့ မမေ့နဲ့နော်။
Photo Source: Pinterest
By MyStyle Myanmar