အလုပ်သွားတဲ့အခါမှာ makeup ပြင်ဆင်ဖို့ အချိန်အကြာကြီး မပေးနိုင်တဲ့သူတွေအတွက် အလှဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် ပြင်ဆင်နိုင်ဖို့ no-foundation makeup look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး skincare နဲ့ sunscreen ကို သေချာလိမ်းပါမယ်။ Foundation မလိမ်းဘူးဆိုရင် sunscreen က toneup ပါတာမျိုးသုံးပေးရင် မျက်နှာလေးပိုဖြူပြီး ပိုကြည့်ကောင်းမှာပါ။

Foundation မလိမ်းပေမယ့် concealer တော့ လိမ်းရပါမယ်။ Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ ဝက်ခြံ အမာရွတ်ရှိတဲ့နေရာတွေကို လိမ်းပေးပါ။

မျက်ခုံးမွှေးကို သေချာသပ်သပ်ရပ်ရပ်လေး ဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲလိုက် brush နဲ့ခြစ်လိုက် လုပ်ပေးပါ။ အားလုံးပြီးသွားရင် brow gel နဲ့ဖြီးပေးပါ။ ဒါဆိုရင် perfect ဖြစ်သွားပါပြီ။

ပါးနီကို cream type ပန်းရောင်လေးပဲသုံးပါမယ်။ လက်ချောင်းလေးနဲ့ယူပြီး ပုံမှာလိမ်းပြထားသလိုလေး လိမ်းပေးရုံပါပဲ။

မျက်ခွံကိုပါ လိမ်းပေးလိုက်ပါ။ မျက်လုံးအောက်နားလေးကိုပါ လိမ်းပေးပါ။ လက်ချောင်းလေးနဲ့ပဲ လိမ်းပေးပါ။ ဒါဆိုရင် တကူးတက eyeshadow ကို သပ်သပ်ခြယ်နေစရာ မလိုတော့ဘူးနော်။

နှုတ်ခမ်းနီကိုလည်း ပန်းရောင်ဘက်သွားတဲ့ အရောင်လေးပဲ ဆိုးပါတယ်။ ဒါမှ No-foundation look လေးနဲ့ လိုက်ဖက်နေမှာပါ။

အညိုဖျော့ရောင်ဖြစ်တဲ့ contour palette နဲ့ နှာတံဖော်ပြီး မေးရိုးနည်းနည်းချတာမျိုး လုပ်ပေးပါ။

အညိုဖျော့ရောင်ဖြစ်တဲ့ contour palette or eyeshadow နဲ့ မျက်လုံးအပေါ်အောက်ကို eyeliner ဆွဲသလိုလေး နည်းနည်းစီခြယ်လိုက်ပါ။ ဒါဆိုရင် မျက်လုံးလေးပိုထင်းပြီး ပိုလှသွားစေပါတယ်။

ဒါဆိုရင်တော့ အလုပ်သွားတဲ့အခါမှာ အမြန်ဆုံးပြင်ဆင်ဖို့အတွက် အရမ်းလှတဲ့ no-foundation makeup look လေးကို ရရှိသွားပါပြီ။