ဝက်ခြံဆိုတာက မျက်နှာတစ်ခုတည်းမှာ ပေါက်တာမျိုးမဟုတ်ဘဲ အနောက်မှာလည်း ပေါက်တတ်ပါတယ်။ နောက်ကျောမှာပေါက်တတ်တဲ့ Back Acne တွေက လူတိုင်းမမြင်နိုင်ပေမယ့် ဒါကလည်း အရေပြားပြဿနာတစ်မျိုးပဲမလို့ ဒါတွေကို ဖယ်ရှားဖို့ အခုပြောပြမယ့်အချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။
ချွေးထွက်ပြီးတိုင်း ရေချိုးပါ
ချွေးပေါက်တွေပိတ်တာက ဝက်ခြံဖြစ်စေတဲ့အဓိကအချက်မလို့ ချွေးထွက်ပြီးတိုင်း မဖြစ်မနေ ရေချိုးပေးပါ။
Chemical-free Body Wash သို့ ဆပ်ပြာသုံးပါ
နောက်ကျောမှာ Back Acne တွေရှိနေရင် Chemical မပါတဲ့ ရေချိုးဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာကို သုံးပေးပါ။ ကြမ်းတဲ့ Hard Scrubs တွေက အသားကိုယားစေပြီး ရှိပြီးသား ဝက်ခြံတွေကို ပိုဆိုးလာစေတာကြောင့် နူးညံတဲ့ Hard Scrubs ကို သုံးပါ။
ပွပွချောင်ချောင်ဝတ်ပါ
ကြပ်လွန်းတဲ့အဝတ်အစားတွေနဲ့ အထူးသဖြင့် ပူတဲ့အသားနဲ့အင်္ကျီတွေက ချွေးထွက်များပြီး ဝက်ခြံနဲ့ အဖုတွေကို ပိုဖြစ်စေတာမလို့ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ၀တ်ဆင်ပါ။
လိမ်းဆေးလိမ်းပေးပါ
ဝက်ခြံရောင်ရမ်းခြင်းနဲ့ ဝက်ခြံဖြစ်တာကို လျှော့ချပေးနိုင်တဲ့ Benzoyl Peroxide or Salicylic Acid တို့လို Creams နဲ့ Gels များလိမ်းပေးပါ။
အသားခြောက်တာကို ကာကွယ်နိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ဖို့ အဆီမပါတဲ့ Moisturiser ကိုလိမ်းပေးပါ။
လက်နဲ့ကုတ်တာ ရှောင်ပါ
ဝက်ခြံတွေကို လက်နဲ့ကုတ်တာ ဖဲ့တာတွေက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်စေပြီး ရောဂါပိုးကူးစက်နိုင်ခြေကို တိုးစေတာကြောင့် မလုပ်သင့်ပါဘူး။
Tea Tree Oil လိမ်းပေးပါ
ညမအိပ်ခင် Tea Tree Oil ကို အုန်းဆီ လက်ဖက်ဆီတို့နဲ့ ရောလိမ်းပြီး တစ်ညလုံး ထားလိုက်ပါ။ သဘာဝ ဘက်တီးရီးယားပိုးမွှားနဲ့ ရောင်ရမ်းမှု ဆန့်ကျင်ဂုဏ်သတ္တိတွေပါတာမလို့ နောက်ကျောက Back Acne တွေကို သက်သာစေပါတယ်။
 
											
				 
									






 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				