အပြင်မှာ ဘယ်လိုရာသီဥတုမျိုးပဲဖြစ်ဖြစ် နေ့တိုင်း အသားအရေထိန်းသိမ်းဖို့က အရမ်းအရေးကြီးပါတယ်။ ရာသီတိုင်းမှာ အသားအရေကို ထိန်းသိမ်းရမယ့် နည်းလမ်းအမျိုးမျိုးရှိတာမလို့ ဒီတစ်ခေါက်မှာတော့ မိုးရွာတဲ့နေ့တွေမှာ အသားအရေထိန်းသိမ်းနိုင်ဖို့ နည်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. Skin Care သုံးတဲ့အခါ အရက်မပါတဲ့ Skin Care ထုတ်ကုန်တွေကို ရွေးပြီး လိမ်းပေးပါ။

2. အသားအရေကို တစ်နေ့တာလုံး ရေဓာတ်ထိန်းထားနိုင်ဖို့ Moisturizer သုံးပါ။

3. အပြင်သွားတဲ့အခါ UV rays တွေကို ကာကွယ်နိုင်ဖို့ Sunscreen မဖြစ်မနေလိမ်းပေးပါ။

4. ဆဲလ်အသေတွေကို ဖယ်ရှားနိုင်ဖို့ Exfoliation မဖြစ်မနေလုပ်ပေးပါ။


5. ရေဓာတ်ရှိနေဖို့ ရေ ၈ ခွက် မဖြစ်မနေသောက်ပါ။

6.မိုးရေအကြာကြီးစိုတာက အရေပြားထဲမှိုပိုးဝင်တာမျိုးဖြစ်စေတတ်တာမလို့ ရေအကြာကြီးစိုတာမျိုး မဖြစ်ပါစေနဲ့။

7. အဝတ်အစားဝတ်တဲ့အခါ ရေစိုရင်အခြောက်မြန်တဲ့ ချည်သားလိုမျိုး အဝတ်အစားမျိုးကို အဓိကထားရွေးပါ။

8. မျက်နှာရေစိုတဲ့အခါ ခြောက်အောင်သုတ်ပါ။ ရေခြောက်အောင်သုတ်တာက မိုးရေကြောင့် အသားကြမ်းတာကို သက်သာစေပြီး အသားအရေပျက်စီးမှုကိုလည်း နည်းပါးစေပါတယ်။