အနီရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ Simple ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အပြင်တစ်ခါသွားဖို့ ဘယ်လိုတွေတွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုအောင် ဒီ Outfit Idea လေးတွေက ကူညီပေးပါလိမ့်မယ်။

ဒီ Skirt အဖြူလေးဆိုရင် အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ အနီရောင်ကြိုက်တဲ့ ကောင်မလေးတွေက ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ Crop Top အနီလေးနဲ့သာ တွဲဝတ်ပြီး Sneakers အဖြူလေး စီးလိုက်ပါ။ Fashion ကျပြီး ချစ်ဖို့ကောင်းနေပါလိမ့်မယ်။

အနီရောင် Crop Top လေးကို ဒီလိုဘောင်းဘီအရှည် အဖြူရောင်လေးနဲ့ တွဲဝတ်လိုက်ရင်လည်း Simple ဖြစ်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

နောက်တစ်မျိုးအနေနဲ့ အနီရောင် Basic Top ကို အဖြူရောင်ဘောင်းဘီအရှည်နဲ့ ဒီလိုလေးတွဲဝတ်လို့လည်း ရပါတယ်။ ပေါ့ပါးလွတ်လပ်မှုရှိစေလို့ ထသွားထလာဝတ်မယ်ဆိုရင် အဆင်ပြေပါတယ်။

အနီရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် Fashion အတွဲအစပ်မိတဲ့ နောက်ထပ် Outfit Idea လေးပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာပါ။

ဒီ Outfit Idea လေးဆိုလည်း အခုနောက်ပိုင်းမှာ ခေတ်စားနေတာပါ။ အိတ်အနီလေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် အနီရောင်ကြိုက်တယ်ဆိုရင် ဝယ်လိုက်တော့နော်။

အင်္ကျီအနီမဟုတ်ရင်တောင်မှ အနီရောင်တစ်ခုခုပါနေမှကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ Simple Outfit Idea လေးပဲ ဖြစ်ပါတယ်။

အနီနဲ့အနက်ကိုတွဲဝတ်တာလည်း အရမ်းလိုက်ဖက်ပြီးလှပပါတယ်။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းချင်ရင်တော့ ဒီ Outfit လေးအတိုင်းသာ ဝတ်ကြည့်လိုက်နော်။

အနီနဲ့အဖြူကိုတွဲဝတ်တာက အလိုက်ဖက်ဆုံးဖြစ်ပြီး ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာပါပဲ။ အခုနောက်ပိုင်းမှာ ဒီလို Skirt အရှည် အဖြူရောင်လေးကလည်း ခေတ်စားနေတာကြောင့် အနီရောင်ကြိုက်တယ်ဆိုရင် အနီရောင် Basic Top လေးတွေ၊ အနီရောင် Crop Top လေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။

အနီရောင်အင်္ကျီလေးတွေကို ဘာနဲ့တွဲဝတ်ရမလဲမသိရင် အနက်ရောင်ဘောင်းဘီ အတိုအရှည် အားလုံးနဲ့ တွဲဝတ်နိုင်ပါတယ်။ Simple ဖြစ်ပြီး လှနေပါလိမ့်မယ်။

ဒီ Outfit Idea လေးဆိုရင် ဆောင်းရာသီမှာ အရမ်းဝတ်လို့ကောင်းတဲ့ ပုံစံလေးပါ။ အနီရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ကွက်တိပဲနော်။

ကိုရီးယားဆန်ဆန်လေး ဝတ်ချင်တဲ့အခါမှာ အသုံးဝင်စေမယ့် အရမ်းချစ်ဖို့ကောင်းတဲ့ အနီရောင် Outfit Idea လေးပါ။

အနီနဲ့အဖြူကိုပဲတွဲဖက်ဝတ်ဆင်ထားတဲ့ ဒီ Outfit လေးကလည်း အရမ်းလှတာကြောင့် မိုးရာသီနဲ့ဆောင်းရာသီမှာ ဝတ်လို့အဆင်ပြေပါတယ်။