သင်က ချစ်ရသူနဲ့ အချစ်ရေးကို Public မှာ အတိအလင်း မချပြချင်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တချို့တွေက ချစ်သူကို မချစ်တာမျိုး မဟုတ်ဘဲ Private ဆန်ဆန် Low Key ပဲ နေချင်သူတွေ ဖြစ်ပါတယ်။
သူတို့က ရှုပ်ရှု့ပ်ယှက်ယှက်တွေကို မကြိုက်လို့ကို အေးအေးဆေးဆေး နေချင်သူတွေ ဖြစ်ပါတယ်။ တချို့ မိန်းကလေးတွေကတော့ ကိုယ့်ကောင်လေးရဲ့ Lifestyle ကို လေးစားပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် ကောင်လေးရဲ့ မျက်နှာကို သိပ်မပြချင်ကြသူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း တကယ် အတည်တကျ လက်တွဲဖြစ်မှ ကောင်လေး မျက်နှာကို Public မှာ ပြချင်သူတွေ ရှိပါတယ်။ သင်က ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချစ်သူကောင်လေးရဲ့ မျက်နှာကို မပြချင်ပေမယ့် သင့်မှာ ရည်းစားရှိကြောင်း ကြော်ငြာဆိုင်းဘုတ် တပ်ချင်သူဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပို့စ်ပေးမလဲ သိထားသင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-
ကောင်လေးရဲ့ ခန္ဓာကိုယ် တစ်ခြမ်းကိုပဲ ဓာတ်ပုံ Frame ထဲ ထည့်ကာ သင်က ဖုန်းထောင်ထားပြီး Mirror Selfie ပုံစံကလည်း ခပ်မိုက်မိုက် ပုံလေး ဖြစ်စေမှာပါ။
အမြဲအတူတူ ရှိဖို့ ကတိပေးတဲ့အနေနဲ့ Pinky Promise လေး လုပ်ထားပြီး ကောင်လေးရဲ့ လက်နဲ့တူတူ ရိုက်ပြတာကလည်း ရည်းစားရှိကြောင်း သိသာစေပါတယ်။
ချစ်သူရဲ့ ပခုံးကျယ်ကျယ် ကို မှီထားပြီး သင့်မျက်နှာလေးကို ဖွက်ထားလိုက်တာကလည်း ချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါ။
သင်တို့နှစ်ဦးမှာ အချင်းချင်း သက်ဆိုင်ကြောင်း လက်စွပ်လေးကိုပိုင်ဆိုင်ထားကြတဲ့အပြင် ကောင်လေးနဲ့ပါ တွဲရိုက်ချင်ရင်တော့ ဒီလိုပို့စ်မျိုးလေး လုပ်သင့်ပါတယ်။ ချစ်ရသူရဲ့ ရင်ခွင်ကျယ်ကြီးကိုပါ ကင်မရာထဲ ထည့်နိုင်ပါတယ်။
ကောင်လေးကို အသာလေး ဖက်ထားပြီး သင်က Selfie ဆွဲလိုက်တာကလည်း ချစ်သူမျက်နှာကို ပြစရာမလိုတော့ပါဘူး။
သင်က ကောင်လေးမျက်နှာကို ဖုန်းနဲ့ကွယ်ထားပြီးတော့ သူက သင့်ကို အာဘွားပေးနေတဲ့ ပုံစံလေးကလည်း စိတ်ကူးယဉ်ဆန်ပြီး အသည်းယားစရာ ပို့စ်ပါ။
နှစ်ယောက်အတူ လျှောက်လည်တဲ့အချိန် သင်တို့နဲ့ ပါလာတဲ့ Third Wheel သူငယ်ချင်းကို နောက်ကနေ ဓာတ်ပုံရိုက်ခိုင်းလို့ရပါတယ်။
ချစ်ရသူက နောက်ခိုင်းကာ သင့်မျက်နှာလေးကို တယုတယ ကိုင်ထားတဲ့ ပို့စ်ကလည်း ကောင်လေး မျက်နှာကို ပြစရာမလိုတဲ့ ပို့စ်ပါ။
နှစ်ယောက်အတူတူ နောက်ခိုင်းပြီး ရှုခင်းကြည့်နေတာကလည်း ခရီးသွားတဲ့အချိန် စုံတွဲရိုက်နိုင်တဲ့ ပို့စ်ပါ။
သင့်ကောင်လေးက အနွေးထည် ပွပွလေး ဝတ်ထားရင် ဒီအချိန်က ဖော်ပြပါ ပို့စ်ကို ရိုက်ကြည့်ဖို့ အခွင့်ကောင်းပါပဲ။ ဒီပို့စ်လေးက သင့် Gentleman ကို ပြရာရောက်သလို ချစ်ဖို့လည်းကောင်းပါတယ်။
Photo Source: Pinterest
By MyStyle Myanmar