လူတစ်ယောက်ရဲ့ အလှတရားဆိုတော့ သူတို့ဝတ်စားထားတဲ့ ဖက်ရှင်တွေပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ တစ်ချို့သူတွေရဲ့ အယူအဆက ပိန်မှလှတယ်ဆိုပြီး ညစာမစား ထမင်းမစားနဲ့ အစာအိမ်အနာခံပြီး ဝိတ်ချတာတွေတောင်ရှိပါတယ်။

လူ့ဘဝမှာ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေဖို့က အဓိကမလား။ ကိုယ်က အရိုးကြီးတဲ့မျိုး ပြည့်တဲ့မျိုးဖြစ်နေရင် ဘယ်လိုလုပ် ပိန်ပိန်သွယ်သွယ်ဖြစ်နိုင်တော့မှာလဲ။

တကယ်တော့ အလှတရားအစစ်ကို လက်ခံနိုင်ရင် ဝလို့ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိတာတွေ လွင့်ပြယ်သွားမှာပါ။

ဖက်ရှင်ကုမ္ပဏီတစ်ချို့ဆို သူတို့သတ်မှတ်ထားတဲ့ ပေါင်အတိုင်း မပြည့်မီရင် မော်ဒယ်အဖြစ် ခန့်လေ့မရှိတာကြောင့် မိန်းကလေးတွေမှာ စိတ်ဖိစီးမှုတွေ ကြုံလာရပါတယ်။

ဒါ့ကြောင့် တစ်ချို့ဖက်ရှင်ကုမ္ပဏီတွေက Plus Size လေးတွေအတွက် အဝတ်အစားကို အာရုံစိုက်ချုပ်လှုပ်လာကြပါပြီ။ ဖက်ရှင်ပြေးလမ်းပေါ်မှာလည်း Plus Size ဖက်ရှင်မော်ဒယ်တွေကို အသုံးပြုလာကြပါတယ်။

ဒီတော့ Mystyle Myanmar ကနေလည်း ခပ်၀၀ ကောင်မလေးတွေကို ငေးသွားစေမယ့် ဂါဝန် ဖက်ရှင်တွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

Image Source: Pinterest