ထိုင်ပြီးတော့ တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်တွေကို သိပ်မစဉ်းစားတတ်တဲ့သူတွေအတွက်တော့ ဒီလိုပို့စ်ပေးနည်းလေးတွေကို ကြည့်ပြီး ရိုက်တာက ပိုအဆင်ပြေမှာပါ။

လှလှပပလေးဝတ်စားထားတဲ့အခါ ခြေထောက်အနေအထားကို ဒီလိုလေးထားပြီး ပို့စ်ပေးကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ထိုင်ခုံအပုလေးတွေမှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီပုံလေးအတိုင်း ပို့စ်ပေးရိုက်ကြည့်ပါ။ သပ်ရပ်လှတဲ့ပုံလေး ရလာစေပါတယ်။

ခုံမှာ ကြော့ကြော့မော့မော့လေး ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ အချေပို့စ်လေးတွေ ရိုက်ရင်လည်း အသုံးဝင်ပါလိမ့်မယ်။

ဒီပို့စ်လေးကျတော့ ခြေတံလေးသွယ်ပြီးလှပစေပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီပို့စ်လေးက လုပ်ရတာအဆင်ပြေစေမှာပါ။

ကြမ်းပြင်မှာထိုင်ရိုက်ပေမယ့် ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးပါချင်တယ်၊ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်လေးလည်း ပေါ်လွင်ချင်တယ်ဆိုရင် ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးလိုက်နော်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် နောက်ထပ်လှပတဲ့ပို့စ်လေးပါ။ လှပကြော့ရှင်းပြီး ခြေတံလေးလည်း လှပနေစေမယ့် ပို့စ်ဖြစ်ပါတယ်။

ခုံမှာထိုင်ပြီး ဘေးတစ်စောင်းအနေအထားနဲ့ ရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ပို့စ်ပေးရတာလည်း လွယ်ကူစေမှာပါ။

ကော်ဖီဆိုင်တွေမှာထိုင်ရိုက်တဲ့အခါ ဘေးတစ်စောင်းအနေအထားနဲ့ ခြေတံအလှလေးပေါ်လွင်ချင်ရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။ လှပပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ဆိုဖာမှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်အသစ်လေးပါ။ ဒီလိုပုံလေးတွေလည်း လှတာကြောင့် ရိုက်ကြည့်နော်။

အပြင်မှာ လှေကားထစ်လေးတွေမှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီလိုပို့စ်လေးက အလှဆုံးပါပဲ။ ဘယ်တော့မှလည်း ရိုးမသွားစေမယ့်ပို့စ်မျိုး ဖြစ်ပါတယ်။