Forbes Korea က Korea’s Entertainment နဲ့ Sports industries ထဲကမှ လူတွေအပေါ်လွှမ်းမိုးမှုအရှိဆုံးနဲ့ သြဇာအရှိဆုံး ကိုရီးယား အနုပညာရှင်တွေကို စာရင်းပြုစုခဲ့ပါတယ်။ ဒါကတော့ ပရိတ်သတ်တွေရွေးပေးခဲ့တဲ့ ထိပ်တန်း ( ၁၀ ) ယောက်ပါ။
1. BLACKPINK
K-Pop ရဲ့ဘုရင်မများဖြစ်တဲ့ BLACKPINK ကတော့ ကမ္ဘာလုံးဆိုင်ရာဂီတမြင်ကွင်းကို ဆက်လက်စိုးမိုးထားနေဆဲပါပဲ။
2. Son Heung Min
ဘောလုံးကွင်းထဲက ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Son ဟာ နိုင်ငံတကာ အတိုင်းအတာနဲ့ တောင်ကိုရီးယားကို ကိုယ်စားပြုနေပါတယ်။
3. NewJeans
K-Pop ရဲ့ နောက်ဆုံး Generation ထဲက Girl Group ဖြစ်ပေမယ့် NewJeans ရဲ့ ပရိတ်သတ်ပေါ်လွှမ်းမိုးအားကလည်း ကောင်းပါတယ်။
4. Kim Min Jae
Bayern Munich FC အသင်းက ကိုရီယားလူမျိုး Kim Min Jae ကလည်း တောင်ကိုရီးယားကို ဂုဏ်ဆောင်ပေးသူတစ်ယောက်ပါ။
5. Lim Young Woong
သူ့ရဲ့အသံလေးက တစ်နိုင်ငံလုံးရဲ့နှလုံးသားကို သေချာပေါက် ဖမ်းစားထားတာကြောင့် နံပါတ် ၅ နေရာမှာရှိနေတာ အံ့သြစရာမဟုတ်ပါဘူး။
6. Lee Jung Hoo
ဘေ့စ်ဘောကွင်းထဲက Lee Jung Hoo ဆိုတာကလည်း သူ့ရဲ့အရည်အချင်းနဲ့ တနိုင်ငံလုံးကို သိမ်းပိုက်ထားသူပါ။
7. BTS’s Jimin
BTS အဖွဲ့ဝင် Jimin ကတော့ မနှစ်ကထွက်ခဲ့တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့သူပါ။
8. Lee Kang In
French soccer မှာ နောက်ထပ် တောင်ကိုရီယားကို ကိုယ်စားပြုခဲ့တဲ့ . Lee Kang In လည်း ပါဝင်ပါတယ်။
9. BTS’s Jungkook
BTS အဖွဲ့ဝင် Jungkook ကလည်း မနှစ်ကထွက်ခဲ့တဲ့ သူ့ရဲ့ Single Song နဲ့ တောင်ကိုရီးယားတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ်။
10. IVE
နံပါတ် ၁၀ နေရာမှာရှိနေတာကတော့ ပရိတ်သတ်တွေကို အံ့သြစေမယ့် Girl Group IVE ပါ။