မင်္ဂလာပါ ပျိုမေတို့ရေ။ V Shape ပုံစံ မေးရိုးလေးထင်းပြီး သေးသွယ်တဲ့မျက်နှာကျ ပိုင်ဆိုင်ဖို့ ပြုပြင်စရာမလိုဘဲ မိတ်ကပ်လိမ်းပြီးတော့ အလွယ်တကူပြောင်းလဲနိုင်ပါတယ်နော်။ ပြင်တတ်ရင် ပြင်တတ်သလို မိတ်ကပ် Look အမျိုးမျိုးဖန်တီးလို့ရတာမို့ သင့်အနေနဲ့ ရှိရင်းစွဲထက် သေးသွယ်တဲ့မျက်နှာလေးရချင်တယ်ဆိုရင် လိမ်းတဲ့နေရာမှာ အသုံးပြုရမယ့်နည်းတွေကို သိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ မျက်နှာလေးကို ပိုသွယ်သွားသလိုမြင်ရဖို့ ထည့်သုံးသင့်တဲ့ မိတ်ကပ်လိမ်းနည်းအဆင့်တွေကို ဖော်ပြပေးသွားမှာပါ။
Contour လိမ်းတဲ့အခါ Brush အပြားသုံးပေးပါ
မျက်နှာသွယ်သလိုမြင်ရဖို့ Foundation အထိလိမ်းပြီးတဲ့အခါ မျက်နှာကျဖော်တဲ့ Contour အဆင့်လုပ်ပေးဖို့လိုပါတယ်။ လိမ်းတဲ့အခါမှာ မျက်နှာကျအောက်ကို သွယ်ဆင်းသွားသလိုမြင်ရအောင် Brush အပြားသုံးပြီး ပါးစောင်တစ်လျှောက်ဆွဲချကာ လိမ်းပေးပါ။ သေချာ Blend ပြန်လုပ်ပြီး အရမ်းမသိသာအောင် ကိုယ့်အသားရောင်နဲ့ ပြန်ညှိပေးရပါမယ်။
မျက်နှာအနှံ့ Contour လုပ်ပေးဖို့လိုပါတယ်
Contour လုပ်ဖို့ အဓိကလိုအပ်တဲ့အပိုင်းတွေက နှာတံ၊ နဖူးစပ်၊ နားထင်ကနေ ပါးစောင်နဲ့ မေးရိုးတစ်လျှောက်ကိုပါ။ မျက်နှာဘေးနှစ်ဖက်လုံးညီနေအောင် လုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် ပါးစောင်နေရာတွေမှာ အညိုလေးထင်းနေအောင် Contour လုပ်ပေးတဲ့အခါ သင့်မျက်နှာလေး ကျဉ်းပြီး ပိုသေးသွားပုံပေါ်လာပါလိမ့်မယ်။
နှာခေါင်း၊ ပါးမို့နဲ့ မျက်ခွံထောင့်တွေမှာ Highlight ထည့်ပေးပါ
Highlighter ထင်းနေအောင်ထည့်ပေးတာကလည်း မျက်နှာပေါက်ပိုသွယ်သလိုမြင်ရစေပါတယ်နော်။ မျက်လုံးဘေးထောင့်နှစ်ဖက်နဲ့အတူ နှာခေါင်းထိပ်၊ ပါးမို့လေးတွေအပေါ် Highligher အရောင်လေးလင်းနေအောင် ခပ်ထင်းထင်းဆိုးပေးပါ။
ပါးနီအတွက် ကာလာနှစ်မျိုးသုံးပါ
ပါးနီကိုတော့ အရင်ဆုံး ပါးစောင်နေရာတွေမှာ အရောင်အမှိုင်းနဲ့ခြယ်ပြီးမှ အပေါ်ကနေ ခပ်လင်းလင်းလေးထပ်ပေးရမှာပါ။ ကာလာနှစ်မျိုးလုံးကို သေချာ Blend လုပ်ပေးရပါမယ်။ ပါးစောင်မှာဆိုးထားတဲ့အရောင်ရင့်က သင့်မျက်နှာကိုသွယ်သွားသလိုမြင်ရစေမှာပါ။
Eye Makeup ကို ထင်းနေအောင်ဆွဲပေးပါ
Eye Makeup က ထင်းနေရင် မျက်နှာကြီးမှန်းမသိသာတော့တာမို့ Eyeshadow ကို အပေါ်မျက်ခွံခပ်မြင့်မြင့်အထိ ဆွဲတာ၊ မျက်ခုံးတွေကိုထင်းနေအောင်ဆွဲတာမျိုး ပြင်ဆင်ပေးပါနော်။ မျက်ကပ်မှန်အရောင်လှလှလေး တပ်လိုက်တာမျိုးကလည်း သင့်မျက်ဝန်းတွေကို ပိုမြင်ရတာမို့ မျက်နှာသေးပုံပေါက်သွားစေမှာပါ။
နှုတ်ခမ်းဖူးဖူးလေးဖြစ်အောင်ပြင်ဆင်ပါ
နှုတ်ခမ်းကို ခပ်ဖူးဖူးလေးမြင်ရအောင်ဆိုးပေးတာကလည်း သင့်မျက်နှာကြီးနေမှန်း မသိသာစေပါဘူး။ ကိုးရီးယားမလေးတွေဆိုးသလို နှုတ်ခမ်းအပေါ်အထိတိုးပြီး ပုံဖော်ကာဖြည့်ဆိုးပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar