Rice က အခုနောက်ပိုင်း အလှကုန် တော်တော်များများမှာ Ingredient တစ်ခု အနေနဲ့ ပါဝင်နေပါပြီ။ ဆန်ဆေးရည်ရဲ့အသားအရေ အတွက် ကောင်းကျိုးတွေကတော့- အရွယ်တင်နုပျိုစေခြင်းနဲ့ အသားအရေ တင်းရင်းစေခြင်း စတာတွေ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကတော့ ဂျပန်လူမျိုးတွေရဲ့ နုပျိုခြင်း လျို့ဝှက်ချက် Rice Mask နည်းလမ်းပါ။ သင့်အသားအရေကို ၁၀ နှစ်စာ နုပျိုသွားစေမယ့် Mask ပြုလုပ်ပုံကို ကြည့်လိုက်ရအောင်နော်-
ပြုလုပ်ပုံ
၁။ ဆန်မှုန့် ၂ ဇွန်းကို ခွက်တစ်ခွက်ထဲ ထည့်ပေးရပါမယ်။ ဆန်အမှုန့်က အသားအရေ ယောင်ယမ်းမှုကို သက်သာစေပြီး အရေပြားကို တောက်ပစေပါတယ်။
၂။ နနွင်းမှုန့်
ဒီထဲကို နနွင်းမှုန့်ထပ်ထည့်ပေးရပါမယ်။ နနွင်းမှုန့်ရဲ့ ကောင်းကျိုးတွေကတော့ အိုမင်း
ရင့်ရော်မှုကို နှေးကွေးစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးပါတယ်။
၃။ နို့စိမ်း
ဒီထဲကို နို့စိမ်း ထပ်ထည့်ပေးရပါမယ်။ နို့အစိမ်းက အသားအရေကို အာဟာရဓာတ်တွေ ဖြည့်ပေးပြီး အသားအရေစိုပြေစေပါတယ်။
ဒီသုံးမျိုးကို အနှစ်ရည် ရတဲ့အထိ ရောမွှေပေးရပါမယ်။ ရလာတဲ့ အရည်ကို မျက်နှာပေါ်တင်ကာ ၁၀ မိနစ်ကနေ ၁၅မိနစ် ထားပေးရပါမယ်။
Photo Source: The-Pink-Velvet-Blog
ပြီးနောက် ရေဆေးချကာ အစိုဓာတ်ထိန်းခရင် ဒါမှမဟုတ် ရှားစောင်းလတ်ပတ်ဂျယ် လိမ်းပေးရပါမယ်။
ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ်အထိ ပုံမှန်ပြုလုပ်နိုင်ပါတယ်။
ဒီ Face Mask က အသားအရေကို တင်းရင်းစေကာ အရေးအကြောင်းနဲ့ အစက်အပြောက်တွေကို လျော့ပါးစေပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့ Glass Skin ကိုပါ ပိုင်ဆိုင်စေပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar