Top မျိုးစုံနဲ့ တွဲဝတ်လို့ရပြီး စတိုင်ကျတဲ့ High-Waisted Jeans တွေက ဘယ်တော့မှမြုပ်မသွားမယ့် ဖက်ရှင်တစ်ခုမလို့ High-Waisted Jean တွေကို ဖက်ရှင်ကျကျနဲ့ စတိုင်လ်ကျအောင် ဝတ်နိုင်ဖို့ Outfit Idea တချို့ကို ဝေမျှပေးလိုက်ပါတယ်။
High-Waisted ကို Blazer နဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်စီးတာက စတိုင်လ်ကျစေပါတယ်။
အပြင်သွားတဲ့အခါ ဆွယ်တာအင်္ကျီနဲ့ High-Waisted Jeans ကို ပေါ့ပေါ့ပါးပါး တွဲဝတ်လို့ရပါတယ်။
ရှင်းရှင်းလေးနဲ့ လှနေတဲ့ Blouse တွေနဲ့လည်း High-Waisted Jeans ကို တွဲဝတ်လို့ရပါတယ်။
ညနေခင်းအင်္ကျီနဲ့ ဘယ်လိုစတိုင်ထုတ်ရမလဲဆိုတာမသေချာရင် High-Waisted Jeans နဲ့သာ တွဲဝတ်လိုက်ပါ။
ရုံးသွားတဲ့အခါ စတိုင်ကျကျနဲ့လှနေဖို့ ဒီလိုလေးတွေ ဝတ်လို့ရပါသေးတယ်။