မင်္ဂလာပါ ပျိုမေလေးတို့ရေ။ အပြင်သွားခါနီးမှ ခေါင်းလျှော်လေ့လျှော်ထရှိတဲ့ ပျိုမေလေးတွေအတွက်၊ ပြီးတော့ ဆံပင်ရှည်တဲ့ပျိုမေလေးတွေအတွက် ရေစိုနေတဲ့ဆံပင်ကို မြန်မြန်ခြောက်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဆံကေသာအလှကိုလည်း ပျက်စီးထိခိုက်မှာမဟုတ်လို့ စိတ်ချလက်ချအသုံးပြုလို့ရပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ပုဝါလေးနဲ့ ညှစ်လိုက်ပါ

ခေါင်းလျှော်ပြီးသွားတဲ့အခါ ရေစိုနေတဲ့ဆံပင်ကို ပုဝါလေးနဲ့ တင်းတင်းကြပ်ကြပ်ပတ်လိုက်ပြီး ရေတွေအကုန်ညှစ်ချလိုက်ပါ။ ပွတ်တိုက်စရာမလိုပါဘူးနော်။

အခန်းပြောင်းပြီး ဆံပင်လေမှုတ်ပါ

သင် ခေါင်းလျှော်တဲ့ရေချိုးခန်းထဲမှာပဲ ဆံပင်လေမမှုတ်ပါနဲ့။ အခန်းပြောင်းပြီး ဆံပင်လေမှုတ်လိုက်ပါ။ ရေချိုခန်းရဲ့ စိုထိုင်းဆက သင့်ကို အလုပ်ပိုစေမှာမို့လို့ပါပဲ။

အရည်အသွေးကောင်းမွန်တဲ့ ဆံပင်လေမှုတ်စက်ကို အသုံးပြုပါ

ကွာလတီကောင်းတဲ့ ပစ္စည်းက သင့်ဆံကေသာအလှအပကို မပျက်စီး မထိခိုက်ရလေအောင် ကူညီပေးပါလိမ့်မယ်။

ဆံပင်အုံကို တစ်လွှာချင်းစီ လေမှုတ်ပေးလိုက်ပါ

ဆံပင်ဖြီးတဲ့ ဘီးကို ဘီးအလုံးလေးတွေ အသုံးပြုပြီး ဆံပင်အရင်းကနေ အဖျားအထိ လေမှုတ်လိုက်မယ်ဆိုရင် ထူထဲနေတဲ့ဆံပင်ကို အခြောက်မြန်စေပါတယ်။