အပြင်မှာလက်တွေ့လိမ်းချယ်ထားတဲ့ makeup အပြင်အဆင်တွေကို ဓာတ်ပုံအဖြစ်ပြောင်းလဲတဲ့အခါ အပြင်ကလောက် ကောင်းကောင်းမဖော်ပြနိုင်ဘူးဆိုတာ မိတ်ကပ်ချစ်သူတွေ အသိဆုံးဖြစ်မှာပါ။ အလင်းအမှောင်တွေက မိတ်ကပ်ရဲ့အပြင်အဆင်တွေ အထူးသဖြင့် အရောင်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့မိတ်ကပ်အပြင်အဆင် တစ်ခုရစေဖို့ အရင်ဆုံး သေချာထိန်းသိမ်းထားတဲ့မျက်နှာ အသားအရည်ကနေ အစပြုလိုက်ပါ။ ကောင်းမွန်တဲ့အသားအရည်တစ်ခုရစေဖို့ နေ့စဥ်ဂရုတစိုက်နဲ့ သေချာသန့်စင်ပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးပါ။ ကောင်းမွန်တဲ့အသားအရည်က မိတ်ကပ်ကို ကြာရှည်ခံစေပြီး ကြည်လင်စေပါတယ်။

Primer အသုံးပြုပေးပါ

မျက်နှာကို Moisturizer လိမ်းပြီးရင်တော့ ဒုတိယအနေနဲ့ လိမ်းချယ်ရမှာက Primer ပါ။ Primer က ပြီးပြည့်စုံတဲ့ Photo Makeup Look ရစေဖို့ ပံ့ပိုးပေးတာမလို့ Primer ကောင်းကောင်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

မှန်ကန်တဲ့ Foundation အရောင်ကိုရွေးချယ်ပါ

Foundation ရွေးချယ်တဲ့အခါ မိမိအသားအရည်နဲ့လိုက်ဖက်တဲ့ ကာလာနဲ့ SPF မပါတဲ့ foundation ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ SPF ပါတဲ့ Foundation တွေက ကင်မရာရဲ့ အဖြူ အမဲတွေကို သက်ရောက်စေတာမို့ ရှောင်ရှားသင့်ပါတယ်။

Setting Powder သုံးပေးပါ

အပြစ်အဆာအနာကင်းတဲ့ Makeup Look ရစေဖို့ Foundation သုံးပြီးတဲ့အခါ Setting Powder သုံးပေးဖို့လည်း မမေ့ပါနဲ့နော်။ SPF မပါတဲ့ Foundation ကိုအသုံးပြုထားတာမလို့ Setting Powder ရွေးချယ်တဲ့အခါ SPF ပါတဲ့ Setting Powder ကို ရွေးချယ်သင့်ပါတယ်။

Blusher နဲ့ Browser အသုံးပြုပေးပါ

ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံဆရာတွေက အလင်းအမှောင်အတွက် Flash မီးများအသုံးပြုလေ့ရှိကြပါတယ်။ ဒီအလင်းတွေက မျက်နှာကို တစ်ဖက်မြင်ပုံစံဖြစ်စေနိုင်တာမို့ Blusher နဲ့ Browser အသုံးပြုခြင်းက ပြီးပြည့်စုံတဲ့ Look ရစေဖို့ အပြည့်အဝ အထာက်အကူပြုစေမှာပါ။

Setting Spray အသုံးပြုပေးပါ

မိတ်ကပ်လိမ်းချယ်လို့ပြီးသွားပြီးအချိန် Setting Spray ကို အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။ လိမ်းပြီးချိန် Setting Spray အသုံးပြုခြင်းက မိတ်ကပ်သားကို ကြာကြာခံနိုင်စေပါတယ်။

အဆီစုပ်စက္ကူလေးဆောင်ထားပေးပါ

ကင်မရာရိုက်ကူးနေတဲ့အချိန် အဆီပြန်လာမှာစိုးရိမ်နေရင်တော့ ရိုက်ကူးရေးမစခင်လေးမှာ အသုံးပြုဖို့ အဆီစုပ်စက္ကူလေးကို ဆောင်ထားသင့်ပါတယ်။

ကဲ ! ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ Photo Makeup Look လေး အဆင်သင့်ဖြစ်နေပါပြီနော်။