တခါတလေ မျက်နှာပေါ်က ကိုယ်မကြိုက်တဲ့အရာတွေကို မိတ်ကပ်နဲ့ ဖုံးကွယ်ချင်ကြပါတယ်။ မိတ်ကပ်လိမ်းတာဟာ လှချင်လို့ပါ။ တခြားသူအတွက် လှချင်တာမဟုတ်ပါဘူး။

ကိုယ့်ဘာသာကို လှလှလေးမြင်ချင်လို့ လိမ်းကြတာပါ။ တခြားသူကိုယ့်ကို ကြည့်လိုက်ရင်လှနေဖို့ထက် ကိုယ့်ကိုကိုယ် ကြည့်လိုက်ရင်လှနေဖို့ ကိုယ့်ကိုကိုယ်ချစ်လို့ လိမ်းကြတာပါ။

မျက်နှာပေါ်က ဝက်ခြံကို ဖုံးချင်ရင်ပဲဖြစ်ဖြစ်၊ တခါတလေ ကိုယ်လိမ်းလိုက်လို့ မလှဘဲ ဖြစ်သွားတဲ့အရာကို ပြန်ပြီးပြုပြင်ချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးပါမယ်။

ဝက်ခြံကို ဖုံးတဲ့အခါ

(Camouflage Cream) Concealer လိုပါမယ်။

Brush အသေးတစ်ခုလိုပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ဝက်ခြံကို Concealer နဲ့ အရင်လိမ်းပေးလိုက်ပါ။ ပြီးရင် လက်နဲ့ အရင်ဖွဖွလေး ဖိပေးလိုက်ပြီး Brush နဲ့ ပြန်ပြီး ဖြည်ပေးပါ။

ပြီးရင်တော့ မိကပ်ပေါင်ဒါလေး နည်းနည်း ပုပ်ပေးလိုက်ရင်ရပါပြီ။

ပေသွားတဲ့ Liner ကိုပြန်ဖျက်နည်း

Concealer လိုပါတယ်။ Brush တစ်ချောင်းလိုပါတယ်။

ပြုလုပ်နည်း

Source: Make Up Your Mind – WordPress.com

တခါတလေ အချိန်မရလို့ လိုင်နာဆိုးလိုက်ခါမှ ပေကျံသွားတာမျိုးရှိတတ်ပါတယ်။ Brush ပေါ်မှာ Concealer နည်းနည်းတင်ပြီး လိုင်နာဆိုးလိုက်လို့ အပိုပေသွားတဲ့နေရာမှာဖြည်ပေးလိုက်ပါ။

ပေကျံသွားတဲ့ နှုတ်ခမ်းနီကို ဘယ်လိုပြန်ဖျက်မလဲ

Concealer နဲ့ Brush တချောင်းလိုပါမယ်။

ပြုလုပ်နည်း

Source: wikiHow

နှုတ်ခမ်းနီဆိုးရင် အခန့်မသင့်ရင် နှုတ်ခမ်းဘေးနားမှာ ပေသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ Brush ပေါ်မှာ Concealer လိမ်းပေးပြီး ပေသွားတဲ့နေရာကို ပြန်ဖြည်ပေးလိုက်ပါ။