ကျောင်းသွားတဲ့အခါမျိုး ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး အပြင်ထွက်တဲ့အချိန်တွေမှာ စတိုင်လ်အမြန်ပြောင်းချင်ရင် ၁၀ မိနစ်အတွင်းမှာပဲ စတိုင်ကျကျနဲ့ ပြောင်းလို့ရတဲ့ ဒီ Hairstyles တွေကို ရွေးလိုက်ပါ။

ကပိုကရိုမျိုးလေးလိုချင်ရင် ဆံပင်တွေကို Ponytail ဖြစ်အောင်စုပြီးမှ စုထားတဲ့ဆံပင်ကို ဆံပင်အဖျားနဲ့ ပြန်ပတ်လိုက်ပါ။

ဆံပင်နှစ်လွှာစည်းတဲ့အခါ ရိုးရိုးမစည်းဘဲ တစ်ဖက်စီကယူထားတဲ့ ဆံပင်တစ်ပိုင်းကို လိပ်ပြီး အလည်မှာ စည်းလိုက်တာက ပုံစံတမျိုးဖြစ်စေပါတယ်။

အမြန်လိုနေရင်တော့ Ponytail အနိမ့်ဖြစ်အောင်စုစည်းပြီး ဆံပင်ကို ဖဲကြိုး သို့ ပုဝါနဲ့ ချည်လိုက်ပါ။

ဆံပင်ကို တစ်ခြမ်းထဲ ကျစ်ဆံမြီးကျစ်ပြီး အစွန်းတွေကို နည်းနည်းလောက်ဆွဲထုတ်လိုက်တာကလည်း တမျိုးလေးအမြင်ဆန်းစေပါတယ် ။

ချစ်စရာကောင်းတဲ့ပုံစံမျိုးလိုချင်ရင်တော့ တဖက်မှာ ကျစ်ဆံမြီးအသေးလေးကျစ်ပြီး ဘီးကုတ်ပုံစံ တဖက်ကို ချလိုက်ပါ။

ရှင်းရှင်းလေးကြိုက်ရင်တော့ ဆံပင်ကို Ponytail အနိမ့်ဖြစ်အောင်စုစည်းပြီး bun ဖြစ်အောင်လိမ်ပါ။

အချိန်နည်းနည်းရရင်တော့ ဆံပင်နှစ်ဖက်ခွဲပြီး ထိပ်ကနေကျစ်လိုက်ပါ။ ခပ်မိုက်မိုက်ပုံစံမျိုးကြိုက်ရင် ဖဲကြိုးလေးတွေထည့်ပြီးလည်း ကျစ်လို့ရပါတယ်။

ဘယ်တော့မှရိုးမသွားတဲ့ပုံစံဆိုရင်တော့ ဆံပင်ကို အနောက်လှန်အကုန်သိမ်းထားတဲ့ Ponytail ပါပဲ။