အကြောင်းအမျိုးမျိုးကြောင့် မိတ်ကပ်ပြင်ဖို့အချိန်မရတဲ့ မိန်းကလေးတွေအတွက် မိတ်ကပ်ကို အမြန်ပြင်လို့ရမယ့်နည်းလမ်လေး မျှဝေပေးလိုက်ပါတယ်။ အချိန်အများကြီးပေးစရာမလိုတဲ့အတွက် မနက်ပိုင်းမှာ အိပ်ယာထနောက်ကျတတ်တဲ့သူတွေအတွက်လည်း ဒီနည်းလမ်းလေးကအဆင်ပြေစေပါတယ်။
ပထမဆုံးအနေနဲ့ သင်လိမ်းနေကျ Skincare Step တွေကို မြန်မြန်လေးလိမ်းပေးပြီး Foundation ကိုလည်း မြန်မြန်လိမ်းပေးပါ။ Foundation လိမ်းတဲ့အခါမှာ မိတ်ကပ်လိမ်းတဲ့ Makeup Brush လေးနဲ့လိမ်းတာက ပိုမြန်ပါတယ်။ မိတ်ကပ်သားလည်းညက်ညက်လေးနဲ့ ပိုလှစေပါတယ်။ ပြီးရင်တော့ Loose Powder ကို Brush နဲ့ယူလိမ်းပေးပါ။ Cushion လိမ်းမယ်ဆိုရင်တော့ အပေါ်ကနေ Loose Powder လိမ်းစရာမလိုတော့ပါဘူး။
Source: www.leeanfilm.com
Eyeshadow ပန်းရောင် (သို့) ရွှေအိုရောင်လေးကို မျက်ခွံမှာခြယ်လိုက်ပါ။ ပြီးရင်တော့ Mascara ကော့ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကိုရီးယားမလေးတွေလို ချစ်စရာကောင်းသွားစေမှာပါ။
Source: www.leeanfilm.com
Source: www.leeanfilm.com
နောက်တစ်ဆင့်အနေနဲ့ ပါးနီခြယ်ပေးဖို့လိုပါတယ်။ မျက်နှာကပါးနီလေးခြယ်ထားမှ ပိုချစ်စရာကောင်းပြီးလှပနေစေမှာပါ။ ပြီးရင်တော့ အရေးအကြီးဆုံးဖြစ်တဲ့ မျက်ခုံးမွှေးကို ဆွဲပေးပါ။
Source: www.leeanfilm.com
နောက်ဆုံးမှာတော့ နှုတ်ခမ်းနီဆိုးပေးပါ။ ဒီလိုမိတ်ကပ်အမြန်ပြင်တဲ့နေ့တွေနဲ့ မိတ်ကပ်ကိုသိပ်မပြင်တဲ့နေ့မျိုးမှာတော့ နှုတ်ခမ်းနီအညိုရောင်နဲ့ Nude Color ကိုလုံးဝမဆိုးပါနဲ့။ နှုတ်ခမ်းအဆီဆိုးပြီး ပန်းစီရောင်နှုတ်ခမ်းနီလေးကို နှုတ်ခမ်းအတွင်းသားလေးမှာ ကိုရီးယားမလေးတွေဆိုးသလို ဆိုးပေးပါ။ ဒါမှမိတ်ကပ်နဲ့ပိုလိုက်ဖက်မှာပါ။
Source: www.leeanfilm.com
ဒီလိုမိတ်ကပ်မျိုးလေးပြင်သွားမယ်ဆိုရင်တော့ ရိုရိုးလေးနဲ့ ကိုရီးယားမလေးတွေလို ချစ်စရာကောင်းနေစေမှာပါ။
Source: www.leeanfilm.com
Source: www.leeanfilm.com