မင်္ဂလာပါ။ Parachute Pant လို့ခေါ်တဲ့ ဘောင်းဘီခပ်ပွပွတွေက အခုနောက်ပိုင်း ဖက်ရှင် Influencers တွေနဲ့ လူငယ်တွေကြား Trend ဖြစ်ပြီး အဝတ်များလာတဲ့ ဖက်ရှင်တစ်မျိုးပါနော်။ ဒီလို ဘောင်းဘီတွေက အထာကျသလို ဝတ်ရလည်း လွတ်လပ်တာမို့ ထသွားထလာအပြင် ခရီးထွက်ရင်း ပေါ့ပေါ့ပါးပါးဝတ်ဖို့ အတွက်ပါ အဆင်ပြေပါတယ်။ ယောကျ်ားလေးဆန်ဆန် ဖက်ရှင်မျိုးဝတ်တတ်သူတွေ အကြိုက်တွေ့မယ့်အပြင် အမိုက်စားဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း ကွက်တိပါပဲ။
ခါးသရေကြိုးပါတဲ့ ဘောင်းဘီမျိုးဖြစ်လို့ ဗိုက်ထွက်တဲ့သူတွေ သက်တောင့်သက်သာဝတ်ဖို့ အဆင်ပြေမှာပါ။ ဒီတော့ စိတ်ဝင်စားသူတွေအတွက် Parachute ဘောင်းဘီနဲ့ အတွဲအစပ်ဝတ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အပေါ်ဝတ် Baby Tee (သို့မဟုတ်) ခါးတိုရှပ်လေးတွေက Parachute ဘောင်းဘီတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ပုံထဲကလို အဖြူနဲ့မီးခိုးရောင်လေး တွဲဝတ်တဲ့ပုံစံက ထင်းပြီး လုံးဝအထာကျပါတယ်။

Body Suit အသားကပ်အင်္ကျီကို ဘောင်းဘီထဲထည့်ပြီးဝတ်တဲ့ပုံစံက သင့်ကို အများကြားထင်းထွက်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ Vibe မျိုးရစေပါတယ်။
ရာသီဥတုပူတဲ့နေ့တွေအတွက်ပါ အဆင်ပြေနေမယ့် ဖက်ရှင်မျိုးဝတ်မယ်ဆိုရင် ဒီလို Tank Top လေးနဲ့ အရောင်အနုအရင့်စပ်ပြီး ဝတ်တဲ့ပုံစံလေး Try ကြည့်ပါ။ သင့်ကိုရှင်းရှင်းလေးနဲ့ အထာကျစေမှာပါ။

လူငယ်ကောင်မလေးတွေကြား ခေတ်စားလာတဲ့ ဒီလို Corset Top တွေကလည်း Parachute ဘောင်းဘီတွေနဲ့ အရမ်းလိုက်တာမို့ ဆွဲဆောင်မှုရှိစေမယ့် အတွဲအစပ်လေးပါ။

ဘောင်းဘီရှည်အပွတွေကို အကျီၤလက်ရှည်နဲ့ တွဲဝတ်မယ်ဆိုရင် အပွဝတ်တာထက် Fit ဖြစ်တဲ့ ကိုယ်ကျပ်အရှည်လေးတွေနဲ့ ပိုလိုက်ပါတယ်နော်။ ဒီလို လက်ရှည် အကပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။
ချစ်စရာကောင်းတဲ့ ဝတ်စကုပ် Vest လေးကလည်း ရာသီမရွေးဝတ်လို့ကောင်းပြီး အထာကျစေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar












