အသားအရေက နည်းနည်းခြောက်တာမျိုးမဟုတ်ပဲ အသားအရမ်းခြောက်တာမျိုးဆိုရင်တော့ Skincare ကို သေချာလုပ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ အသားအရေက မွဲခြောက်ပြီး အသားပတ်တာတွေအထိပါ ဖြစ်လာနိုင်ပါတယ်။ အသားအရေက စိုပြည်မှုမရှိရင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အသားအရမ်းခြောက်တဲ့သူတွေအတွက် အဓိကလိုအပ်တဲ့ Skincare Step တွေကို ဖော်ပြပေးလိုက်ပါတယ်။

Cleansing Step

အသားခြောက်တဲ့သူတွေက Cleansing Step မှာဆိုရင် Makeup Remover, Micellar Cleansing Water စတာတွေနဲ့ သန့်စင်ပြီးရင် Facial Foam ကိုတော့ Hydrating Facial Foam မျိုး၊ အသားခြောက်တဲ့သူတွေအတွက် ထုတ်ထားတာမျိုးတွေကို ရွေးသုံးပေးရပါမယ်။

Toner Step

Toner Step ကို ကျော်သွားလို့မရပါဘူး။ မနက်၊ ည သုံးပေးရမှာပါ။ သုံးတဲ့အခါမှာလည်း Hydrating ကောင်းကောင်းပေးနိုင်တဲ့ Toner မျိုးကို ရွေးသုံးပေးပါ။

Serum Step

အသားအရမ်းခြောက်တယ်ဆိုရင် Toner, Moisturizer လောက်ပဲ လိမ်းလို့မရပါဘူး။ Serum Step ကိုပါ ထည့်သင့်ပါတယ်။ Serum ကောင်းကောင်းသုံးပေးရင် အသားအရေက သိသိသာသာ စိုပြည်ပြီး ကြည်လင်လာစေတယ်၊ Glow လာနိုင်ပါတယ်။

Moisturizer Step

အသားအရမ်းခြောက်တဲ့အတွက် Moisturizer Step ကတော့ မပါမဖြစ်ပါပဲ။ Dry Skin အတွက် သီးသန့်ထုတ်ထားတာမျိုး (သို့) Moisturizing ကောင်းကောင်းဖြစ်တာမျိုးကို ရွေးသုံးရပါမယ်။

Sheet Mask Step

အသားအရမ်းခြောက်တာကြောင့် အသားအရေသိသိသာသာ စိုပြည်ပြီး ကြည်လင်လာချင်တယ်ဆိုရင် Sheet Mask ကိုလည်း တစ်ပတ် ၂ ကြိမ် ပုံမှန်ကပ်ပေးပါ။ အသားအရေ သိသိသာသာ ပိုကောင်းလာပါလိမ့်မယ်။