လက်ရှိ သမီးရည်းစား ဆက်ဆံရေးဟာ ချစ်စကြိုက်စ တုန်းကလို ရင်ခုန်သက်ဝင် ချစ်ကျွမ်းဝင်တဲ့ ခံစားမှုလေးတွေ လျော့ကျလာနေတယ်လို့ ခံစားနေရပြီလား။ ဒါဟာ Relationship တစ်ခု အချိန်ကြာလာတာနဲ့အမျှ ကြုံရတတ်တဲ့ ပုံမှန် ပြဿနာ တစ်ခုပါပဲ။ သင့်ရဲ့ Relationship ကို အခုလက်ရှိထက်ပိုပြီး ရင်နှီးမှု တည်ဆောက်ချင်တယ်၊ ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အရာလေးတွေ လုပ်ကြည့်လိုက်ပါ။

(၁) ပျော်စရာလေးတွေ အတူဖန်တီးနိုင်ပါစေ

အတူတူ ရယ်မောပျော်ရွှင်ချိန်လေးတွေ ဖန်တီးတာက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီးရင်းနှီးမှု ရစေမှာဖြစ်သလို အချစ်တွေလည်း ခိုင်မြဲလာစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

(၂) အသစ်အဆန်းတစ်ခုခု လုပ်ကြည့်ပါ

ဒိတ်လုပ်တဲ့အခါ နှစ်ယောက်စလုံး မသွားဖူးသေးတဲ့ နေရာအသစ်တစ်ခုခုကို သွားတာ ၊ အစားအသောက် အသစ်အဆန်းလေးတွေ မြည်းစမ်းကြည့်တာ ၊ စိတ်ဝင်စားတဲ့ သင်တန်းတစ်ခု အတူတူတက်တာ စသည်ဖြင့် လုပ်လို့ ရပါတယ်။ ပုံမှန် လုပ်နေကျအရာတွေထဲက ခွဲထွက်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသစ်အဆန်းတစ်ခုခု လုပ်ကြည့်ပါ။

(၃) ခရီးတိုလေးတစ်ခု သွားပါ

ခရီးသွားရတာ ဝါသနာပါတဲ့ ချစ်သူနှစ်ဦးဆိုရင်တော့ ၆ လ တစ်ကြိမ်လောက်တော့ အနည်းဆုံး ခရီးတိုလေးတစ်ခု ထွက်သင့်ပါတယ်။ ခရီးသွားတယ်ဆိုတာ ချစ်သူနှစ်ဦးကြား ရင်းနှီးမှု ပိုတိုးလာစေမှာဖြစ်သလို တစ်ယောက်အပေါ် တစ်ယောက်လည်း ပိုမိုသိကျွမ်းနားလည်လာစေမှာ ဖြစ်ပါတယ်။