မျက်နှာပေါ်မှာ တစ်ဖုပြီးတစ်ဖု နေရာယူပြီး ကိုယ့်အသားအရေကို ဖျက်စီးနေတဲ့ ဝက်ခြံများကြောင့် စိတ်ညစ်နေပါသလား။ ဝက်ခြံကြောင့် စိတ်ညစ်နေရတာအတွက် ဝက်ခြံပျောက်စေမယ့် သဘာဝနည်းလမ်းကောင်းတချို့ရှိပါတယ်။

သဘာဝပစ္စည်းများ အသုံးပြုကာ မျက်နှာပေါင်းတင်ခြင်းအားဖြင့် သင့်မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံများ သက်သာပျောက်ကင်းသွားပြီး ချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

ပျားရည်၊ သစ်ကြမ်းပိုးခေါက်ဖြင့် ပေါင်းတင်နည်း

အရင်ဦးဆုံး မျက်နှာကို မျက်နှာသစ်ဆေးဖြင့် ဆေးကြောကာ အခြောက်ခံလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် ရောမွှေလိုက်ပါ။ ရရှိလာသော ပျားရည်အရောအနှောကို ဝက်ခြံပေါ်တွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အုံထားပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်မှ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ။

ဒိန်ချဉ်၊ ရှားစောင်းလက်ပတ်၊ အုန်းဆီဖြင့် ပေါင်းတင်နည်း

ပန်းကန်လုံးအသေးတစ်လုံးတွင် ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အယ်လ်မွန်အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လိမ်းကျံထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ရေနွေးနွေး ဆွတ်ထားသော မျက်နှာသုတ်ပုဝါဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

စတော်ဘယ်ရီနှင့် သံပုရာရည်ဖြင့် ပေါင်းတင်နည်း

အရင်ဦးဆုံး စတော်ဘယ်ရီ အလုံးကြီး ၂ လုံးခန့်ကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက် လိမ်းကျံကာ ၁၅ မိနစ်ခန့် ပေါင်းတင်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာပေါင်းတင်လိုက်ပါ။

စတော်ဘယ်ရီနှင့် ဒိန်ချဉ်ပေါင်းတင်နည်း

စောစောကလိုပဲ စတော်ဘယ်ရီအလုံးကြီး ၂ လုံးကို အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ရောမွှေကာ မျက်နှာတစ်ပြင်လုံး သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ပျားရည်၊ မုန့်ဖုတ်ဆိုဒါ၊ အုန်းဆီဖြင့် ပေါင်းတင်နည်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ်တွင် ၂ မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

အခုဖော်ပြခဲ့တဲ့ ပေါင်းတင်နည်းများထဲမှ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးကို အသုံးပြုကာ တစ်ပတ် နှစ်ကြိမ်ခန့် မှန်မှန်ပေါင်းတင်ပေးမယ်ဆိုရင် မျက်နှာပေါ်ရှိ ဝက်ခြံများအားလုံး ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။