ပေါ့ပေါ့ပါးပါး ဖြစ်နေဖို့ ဆံပင်ညှပ်လိုက်တာက အကောင်းဆုံး အိုင်ဒီယာပါပဲ။ ဒါ့အပြင် ပျက်စီးနေတဲ့ ဆံကေသာကို ပိုင်ဆ်ိုင်ထားတဲ့ ပျိုမေတို့အတွက် ညှပ်ပစ်လိုက်တာက ရွေးချယ်စရာ တစ်ခု ဖြစ်နေတတ်ပါတယ်။ ဂုတ်ထောက်ဆံပင်တွေက သင့်မျက်နှာကို ပိုပေါ်စေပြီး သင့်ရဲ့ ထူးခြားမှုတွေကို ပိုမြင်ရစေပါတယ်။ ဒါ့အပြင် ဆံပင်တိုတွေက ထိန်းသိမ်းရတာ အချိန်ကုန်သက်သာပါတယ်။ သင်က လက်ရှိမှာ ဂုတ်ထောက် ဆံပင်ပုံစံလေး ပိုင်ဆိုင်ထားရင် အရမ်းချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် ဒီပုံစံတွေအတိုင်း စည်းနိုင်၊ ပြင်ဆင်နိုင်ပါတယ်။
ဂုတ်ထောက်ဆံပင်ပုံစံလေးကို ပိုထူးခြားပြီး ပိုလှသွားဖို့ ဆံပင်အရောင်ဆိုးနိုင်သလို ကလစ်လေးတွေ ကပ်ပေးနိုင်ပါတယ်။
ဂုတ်ထောက်ဆံပင်ကို ပုံစံအများများ လုပ်နိုင်ကြောင်း ပုံထဲက မိန်းကလေးက သက်သေပြနေပါတယ်။
ကျစ်ဆံမြီးကျစ်မယ်ဆိုရင်လည်း ပုံစံအမျိုးမျိုး စည်းနိုင်ပါတယ်။
ဂုတ်ထောက်ဆံပင်ကေကို ထူးခြားသွားစေမယ့် Hair Accessories တွေကတော့ အရောင်စုံ ကလစ်လေးတွေ၊ ခေါင်းစည်းကြိုးလေးတွေ ဖြစ်ပါတယ်။
ဘေးဘက်အမြင့်စည်းလို့လည်း ချစ်စရာကောင်းနေတာပါပဲ။
ဂုတ်ထောက်ကိုမှ အနည်းငယ်ပိုရှည်တဲ့ ဆံပင်အရှည်ကို ပိုင်ဆိုင်ထားသူတို့အတွက်
ကျစ်ဆံမြီးကျစ်တာကိုမှ ကျက်သရေရှိရှိ လှသွားစေမယ့် ဆံပင်ပုံစံလေး
ချစ်စရာအကောင်းဆုံး ဂုတ်ထောက်ဆံပင်စည်းပုံလေးတွေ
Photo Source: Pinterest
By MyStyle Myanmar