ဈေးလည်းသက်သာပြီး အရည်အသွေးလည်းကောင်းတဲ့ Korean Skincare Product တွေက အခုနောက်ပိုင်း TikTok နဲ့ Social Media တွေမှာတဖြည်းဖြည်းရေပန်းစားလာသလို ဈေးကွက်ထဲမှာလည်း အရောင်းရဆုံးစာရင်းတွေထဲမှာ ပါလာခဲ့ပါပြီ။

ဒါကြောင့် K-Beauty Product တွေကိုမှ စိတ်ဝင်စားတဲ့ပျိုမေတွေအတွက် လက်ရှိရေပန်းစားနေတဲ့ Skincare Products တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိသာတဲ့ရလဒ်ကောင်းတွေကို ရစေတာမလို့ မဖြစ်မနေစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Neogen Day-Light Protection Airy Sunscreen

SPF 50 ပါပြီး နာမည်ကြီး Formula နဲ့ထုတ်ထားတဲ့ ဒီ Sunscreen က ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့အပြင် လိမ်းရတာ lightweight ဖြစ်ပြီး ရှားစောင်းလက်ပတ်၊ hibiscus နဲ့ ထောပတ်သီးတို့လို ပါဝင်ပစ္စည်းတွေကြောင့် အသားအရေကို အာဟာရဖြစ်စေပါတယ်။

CosRX Master Patch Hydrocolloid Patches Set

CosRx ရဲ့ ရေစိုခံဝက်ခြံကပ်ခွာလေးက ပိုလျှံနေတဲ့ဆီတွေကို စုပ်ယူပေးနိုင်တဲ့အပြင် ဝက်ခြံထွက်တာကို ကာကွယ်ပေးရုံသာမကဘဲ ဘက်တီးရီးယားများကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

Acwell Licorice pH Balancing Intensive Eye Cream

အသားအရေအမျိုးအစားအားလုံးအတွက် သင့်တော်တဲ့ ဒီ Eye Cream က မျက်လုံးအောက်က အိုမင်းရင့်ရော်မှုလက္ခဏာများကို လျော့ကျစေပါတယ်။ ဒါ့အပြင် Peptides နဲ့ Antioxidants များပါတာကြောင့် လိုအပ်တဲ့ရေဓာတ်ကို ပေးစွမ်းနိုင်တဲ့အပြင် အသားအရေကိုလည်း ချောမွတ်ပြီး စိုပြည်စေပါတယ်။

Aestura Atobarrier 365 Cream

အရေပြားအထူးကုဆရာဝန် David Kim ကိုယ်တိုင်ရွေးချယ်ထားတဲ့ ဒီ Moisturizer က ဆောင်းရာသီမှာ အသားခြောက်တဲ့သူ နှင်းခူရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးပါ။ Ceramide နဲ့ Fatty Acid ပါပြီး ရိုးရှင်းတဲ့ ဖော်မြူလာနဲ့ထုတ်ထားတာကြောင့် အသားအရေကို နူးညံ့စိုပြေစေတဲ့အပြင် လိမ်းလိုက်ရင်လည်း အဆီမပြန်ပါဘူး။

Laneige Lip Sleeping Mask

ခြောက်ပြီးကွဲအက်နေတဲ့ နှုတ်ခမ်းပိုင်ရှင်တွေအတွက်က Lip Mask က သေချာပေါက် လိုအပ်ပါတယ်။ Laneige ရဲ့ ဒီ Lip Mask လေးက လိမ်းပြီးတာနဲ့ ချက်ချင်းရေဓာတ်ဖြည့်ပေးပြီး နှုတ်ခမ်းကို နူးညံ့ချောမွေ့စေပါတယ်။