လက်သည်းလေးတွေကို အလှဆင်ရတာလည်း ကြိုက်ပေမယ့် ဆိုင်မှာသွားမလုပ်ချင်ဘူးဆိုရင် အိမ်မှာ ကိုယ်တိုင်လုပ်လို့ရပါတယ်။ ဒါကတော့ အိမ်မှကိုယ်တိုင်လုပ်လို့ရတဲ့ Nail Art Designs တွေပါ။
Tri Color Cliffs Nail Art
ဒီလက်သည်းဒီဇိုင်းလေးက လုပ်ရတာ ရိုးရိုးလေးပါပဲ။ လိုတာကတော့ အပြာရောင် ၊ အဖြူရောင် နဲ့ Pastel သန္တာလက်သည်းနီပါ။ အရင်ဆုံး Base Coat ဆိုးလိုက်ပါ။ ပြီးရင် အပြာရောင်လက်သည်းနီကို ဒေါင်လိုက်အစင်းလေးတွေ အရှည်မတူအောင်ဆွဲလိုက်ပါ။
အပြာရောင်အောက်ကစပြီး တခြားအရောင်တွေကိုလည်း ဒီအဆင့်တွေအတိုင်း ပြန်လုပ်ပါ။ ပြီးရင် Top Coat အုပ်လိုက်တာနဲ့ တကယ်ကိုလှတဲ့လက်သည်းဒီဇိုင်းလေးရမှာပါ ။
Bow Nail Art Tutorial
ဒါက အလွယ်တကူလုပ်လို့ရပြီး ရိုးရိုးလေးနဲ့လှတဲ့ လက်သည်းပန်းချီတစ်ခုပါ။ လိုတာတွေက Paint Brush အသေးလေးရယ် ၊ အပြာရောင် ၊ အဖြူရောင်နဲ့ အနက်ရောင်လက်သည်းနီပါ။ အရင်ဆုံး Base Coat ဆိုးလိုက်ပါ။ ပြီးရင် အပြာရောင်လက်သည်းနီကို ဆိုးလိုက်ပါ။ ပြီးမှာ ဒေါင့်နားတွေမှာ လက်သည်းနီအဖြူနဲ့ နှလုံးပုံစံဆိုးလိုက်ပါ။
နောက်ဆုံးမှာ အနက်ရောင်လက်သည်းနီကို Paint Brush နဲ့ယူပြီး အဖြူနဲ့အပြာကြားမှာ ကွင်းနှစ်ကွင်း ဖန်တီးလိုက်ပါ။ အကုန်ပြီးသွားရင်တော့ Top Coat လေးအုပ်လိုက်ပါ။
Splatter Nail Art Tutorial
Paint Brush ကြီးကြီးလေးတခုရယ် ၊ အဖြူ အပြာ ခရမ်းနဲ့ ပန်းရောင်လက်သည်းနီအရောင်တွေရှိရင် ဖန်တီးလို့ရတဲ့ ဆေးသုတ်တဲ့ပုံစံလေးကလည်း တမျိုးလေးဆန်းစေမှာပါ။ အရင်ဆုံး Base Coat ဆိုးပြီးရင် အဖြူရောင်လက်သည်းနီကို အပြည့်ဆိုးလိုက်ပါ။
ပြီးရင် လက်သည်းအပြာရောင်ကို Paint Brush နဲ့ယူပြီး လက်သည်းတွေကို ခြစ်လိုက်ပါ။ တခြားအရောင်တွေကိုလည်း အတူတူပဲလုပ်ပေးပါ။
ပြီးမှ ဘေးမှပေနေတာတွေကိုဖျက်ဖို့က လက်သည်းဖျက်ဆေးလေးကို ဂွမ်းလေးနဲ့ယူပြီးဖျတ်ပေးပါ။ အကုန်ပြီးသွားရင်တော့ Top Coat လေးအုပ်လိုက်ပါ။
Glitter V-Tip Nail Art Tutorial
ပွဲတက်ဖို့ Glitter လေးလည်းဆိုးချင်တယ်။ ဆိုင်သွားဖို့ အချိန်လည်းမရဘူးဆိုရင် အိမ်မှာရှိတဲ့ အနက်ရောင်လက်သည်းနီရယ် Glitter လက်သည်းနီနဲ့ ဒီလိုလေး အိမ်မှာဆိုးကြည့်ပါ။ အရင်ဆုံး Base Coat ဆိုးပြီးရင် လက်သည်းတွေကို အနက်ရောင်လက်သည်းနီဆိုးလိုက်ပါ။ ပြီးရင် တိပ်ကို V ပုံစံ ညှပ်ထားလိုက်ပါ။
လက်သည်းထိပ်နားကို ညှပ်ထားတဲ့တိပ်ကို အုပ်ပြီး အပေါ်ကနေ Glitter လက်သည်းနီထပ်ဆိုးလိုက်ပါ။ ခြောက်သွားလို့ တိပ်ကိုဘယ်လိုက်ရင် ချစ်ဖို့ကောင်းတဲ့လက်သည်းနီဒီဇိုင်းလေး ရမှာပါ ။ နောက်ဆုံးမှာ Top Coat လေးအုပ်ဖို့တော့ မမေ့ပါနဲ့။
Stripes and Lines Nail Art Tutorial
ဂျီဩမေတြီပုံစံလေးဆိုးချင်ရင်တော့ စိတ်လေးနည်းနည်းရှည်ဖို့တော့လိုပါတယ်။ ဒါပေမယ့် ရလာမယ့်ပုံစံလေးကတော့ စိတ်ရှည်ရကျိုးနပ်မှာပါ။ လိုတာက တိပ်ရယ် အပြာရောင်နဲ့အညိုရောင်လက်သည်းနီပါ။ Base Coat ဆိုးပြီးရင် အရင်ဆုံး လက်သည်းနီအပြာကို ဆိုးလိုက်ပါ။ ပြီးရင် ဂျီဩမေတြီပုံစံညှပ်ထားတဲ့တိပ်တွေကို လက်သည်းတွေပေါ်မှာ ကပ်လိုက်ပါ။
အပေါ်ကနေ အညိုရောင်လက်သည်းနီ ထပ်ဆိုးလိုက်ပါ။ ခြောက်သွားလို့ တိပ်တွေဖယ်လိုက်ရင် တကယ်ကိုလှတဲ့ ဂျီဩမေတြီပုံစံ လက်သည်းပုံစံလေးရမှာပါ။ အကုန်ပြီးသွားရင်တော့ Top Coat လေးအုပ်လိုက်ပ