ကော်ဖီဆိုတာက သောက်ရုံသက်သက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။ ကျန်းမာတဲ့အသားအရေနဲ့ တောက်ပတဲ့နှုတ်ခမ်းတွေကိုရဖို့အတွက်လည်း သုံးလို့ရပါသေးတယ်။ ဒါကြောင့် နောက်တစ်ခါ ကော်ဖီစေ့တွေကို မလွှင့်ပစ်ပါနဲ့။ ကော်ဖီ Scrub လုပ်ပြီး သုံးကြည့်ပါ။
Coffee က အသားအရေကိုကြည်လင်တောက်ပစေပြီး နုပျိုစေပါတယ်။ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး နူးညံ့ချောမွေ့စေတဲ့အပြင် အသားအရေကိုလည်း စိုပြေစေပါတယ်။
Coffee နဲ့ Scrub လုပ်ပေးရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆဲလ်တွေက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုရတာကြောင့် အလှကို မြှင့်တင်ပေးပြီး သင့်အသားအရေကို တောက်ပလာစေပါတယ်။
ခရမ်းလွန်ရောင်ခြည်က သင့်ကို ရင့်ရော်စေပါတယ်။ ဒါပေမယ့် Coffee နဲ့ Scrub လုပ်ပေးရင်တော့ အဲဒါကို ပြောင်းပြန်ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု တွေကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အစွမ်းသတ္တိတွေ ပါရှိပါတယ်။
Coffee က အရေပြားကို ကာကွယ်ပေးတဲ့ အာနိသင်ရှိတာမလို့ အရေးအကြောင်းတွေ Fine Lines တွေကို လျှော့ချပေးပြီး အိုမင်းခြင်းကနေကာကွယ်ပေးပါတယ်။