ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် အရေးကြီးတာက မှန်ကန်တဲ့ဆံပင်အရောင်ကို ရွေးချယ်ဖို့က အဓိကပါပဲ။ ဆံပင်အရောင်ချိန်းဖို့ တွေးနေတယ်ဆိုရင် မျက်နှာကို ချက်ခြင်း ငယ်ရွယ်နုပျိုစေမယ့် အရောင်တစ်မျိုးကို ရွေးချယ်လိုက်ပါ။
Caramel
Caramel က ရာသီတိုင်းမှာ လန်းဆန်းမှုနဲ့ တက်ကြွမှုကို ပေးနိုင်တဲ့အရောင်ပါ။
Bronde
Bronde အသက်အရွယ်အားလုံးအတွက် အကောင်းဆုံးရွေးချယ်ဖို့သင့်တဲ့ အရောင်ပါ။
Strawberry Blonde
သဘာဝအတိုင်း လိမ္မော်ရောင်အောက်ခံအရောင်ရှိတဲ့ ဆံပင်နဲ့ အနီရောင်ဆံပင်ပိုင်ရှင်တွေနဲ့ အသင့်တော်ဆုံးက Strawberry Blonde ပါ။
Chocolate Gold
လူငယ်တွေရဲ့သင်္ကေတလို့ပြောရတဲ့အရောင်လို့ပြောပါဆိုရင် ဒါက Chocolate Gold ပါ။
Champagne Blonde
မျက်နှာကို နူးညံ့စေပြီး အသားအရေကို ပိုမိုတောက်ပစေဖို့အတွက်ဆို Champagne Blonde က အသင့်တော်ဆုံးပါ။
Soft Black
နက်မှောင်တဲ့ဆံပင်အရောင် ဒါမှမဟုတ် သဘာဝအတိုင်းနက်တဲ့အနက်ရောင်ကို သဘောကျသူများအတွက်ဆိုရင်တော့ Soft Black ကို ရွေးပါ။
Honey Blonde
Honey Blonde က သင့်ကို ငယ်ရွယ်နုပျိုစေပြီး သင့်ရဲ့အသားအရေကို ပိုမိုတောက်ပစေမှာ အသေချာပါ။
Chestnut Red
နုပျိုပြီးတောက်ပတဲ့အသားအရေကို ဖန်တီးပေးနိုင်တဲ့အရောင်က Chestnut Red ပါ။