တစ်နေ့လုံး နားထောင်လည်း ကိစ္စမရှိတဲ့ အသံပိုင်ရှင်တွေ ရှိပါတယ်။ သူတို့ရဲ့ အသံကို နားထောင်လိုက်ရင် စိတ်အပန်းပြေပြီး အဆွေးသီချင်းနဲ့ အထူးလိုက်တဲ့ အသံပါရမီရှင်တွေပါ။ ဥပမာ အနောက်တိုင်း နာမည်ကျော် အနုပညာရှင် အဆိုတော်တွေထဲမှာဆိုရင် Ariana Grande ပါ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်း မတူတာမို့ အခု ဖော်ပြထားတဲ့ Idol တွေ မဟုတ်ဘဲ သင်စဉ်းစားမိတဲ့ နာမည်ကျော် အဆိုတော်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဖော်ပြပါ အမျိုးသမီး Kpop Idol တွေကိုတော့ Angel Voice ပိုင်ရှင် အဖြစ် အများစု လက်ခံထားကြပါတယ်။

သင်က သူတို့ရဲ့ သီချင်းတွေကို နားမထောင်ဖူးရင် တစ်ခါတည်း နားထောင်နိုင်အောင် ဗီဒီယိုတွေပါ တွဲပေးပါရစေ။ သင်အကြိုက်ဆုံး Idol တွေ ပါနေမလား ကြည့်လိုက်ရအောင်-

၁။ IU

IU ကတော့ အားလုံး လိုလို လက်ခံကြမယ့် Angel Voice ပိုင်ရှင် Idol ပါပဲ။ သူမရဲ့ နာမည်ကျော် သီချင်းအေးအေးလေးတွေကတော့- Ending Scene, Through the Night, Love Poem စတဲ့ သီချင်းတွေပါ။

၂။ ROSÉ

တစ်နေ့လုံး သူ့အသံလေး နားထောင်လို့ရတယ်လို့ နောက်ထပ် ယူဆရသူတွေထဲ Blackpink အဖွဲ့ဝင် ROSÉ လည်း ပါဝင်ပါတယ်။ သူမက Cover Song တွေကိုလည်း သူမ ကိုယ်ပိုင်သီချင်းဖြစ်သွားအောင် ပြောင်းလဲသီဆိုနိုင်ပါတယ်။

၃။ Mamamoo

အခုအကြောင်းအရာက Rap မဟုတ်ဘဲ သီချင်းအေးအေးပိုင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တဲ့ သူတွေအကြောင်း ပြောနေတာကြောင့် Moonbyul မဟုတ်ဘဲ တခြား အဖွဲ့ဝင် Solar, Wheein, Hwasa တို့ အကြောင်းပဲ ဖော်ပြပါရစေ။ သူတို့ သုံးဦးလုံးက သီချင်းတစ်ပုဒ် ကို အပေးအယူမျှမျှ နဲ့ သီဆိုနိုင်ပြီး နတ်သမီး အသံကို ပိုင်ဆိုင်ထားသူတွေပါ။

၄။ Taeyeon

စီနီယာတွေနဲ့ တွဲဆိုနိုင်ဖို့က ဂျူနီယာ Idol တွေရဲ့ အိပ်မက်တစ်ခုပါပဲ။ ဒီအိပ်မက်တွေထဲမှာ Legend တစ်ဦးဖြစ်တဲ့ Taeyeon နဲ့ တွဲဆိုနိုင်ဖို့လည်း ပါဝင်ပါတယ်။ Taeyeon က တစ်နှစ်တခြား ပိုကောင်းလာတဲ့သီချင်းတွေကို တစ်ကိုယ်တော်သီဆိုနိုင်တဲ့ Angel Voice ပိုင်ရှင်ဖြစ်ပါတယ်။

၅။ Lee Hi

Breathe, Only, Love, Can you hear my Heart စတဲ့ သီချင်းကောင်းတွေရဲ့ သီချင်းဆိုပိုင်ရှင် ဖြစ်တဲ့ Lee Hi ကိုလည်း မေ့ထားလို့မရပါဘူး။ Lee Hi က သီချင်းမြူးမြူးလေးတွေထက် သီချင်းအေးအေးလေးတွေနဲ့ ပိုလိုက်ဖက်သူ ဖြစ်ပါတယ်။ သီချင်းမကောင်းရင်တောင် သူမ ဆိုလိုက်ရင် ကောင်းတယ် ဖြစ်သွားတဲ့အထိပါ။

၆။ Ailee

အသံပါဝါကောင်းကောင်းနဲ့ Angel Voice ပိုင်ရှင် Ailee ရဲ့ “Heaven” သီချင်းကို ကေပေါ့သီချင်း ကြိုက်သူတွေ ကြားဖူးကြမှာပါ။

၇။ Soyou

Sistar အဖွဲ့ဝင် Soyou က အသံအေးအေးလေးနဲ့ သီချင်း အများစုမှာ Featuring ဆိုတတ်ပါတယ်။ သူမ ဆိုလိုက်တဲ့ သီချင်းတိုင်းက စိတ်ကူးယဉ်ဆန်ပြီး ကိုယ်ပါ ဒီထဲ လိုက်ပါစီးမြောရတဲ့ အထိပါပဲ။

၈။ Wendy

Red Velvet အဖွဲ့ဝင် Wendy က OST သီချင်းအများစုကိုလည်း သီဆိုတတ်သူပါ။ အသံအနိမ့်အမြင့်ကို လူတိုင်း အထင်ကြီးရလောက်အောင် သီဆိုနိုင်တဲ့ Wendy အသံက နတ်သမီးအသံပါပဲ။

၉။ Winter

Aespa အဖွဲ့ဝင် Winter ရဲ့ အသံပါဝါကို နာမည်ကြီး Idol တွေနဲ့ ဖွဲ့စည်းထားတဲ့ Got the Beat ရဲ့ Step Back သီချင်းမှာ နားထောင်ကြည့်နိုင်ပါတယ်။ သူမအသံက ချိုချိုလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

၁၀။ Sejeong

Sejeong ကိုတော့ “Business Proposal” ထဲက Shin Ha Ri အနေနဲ့ ရင်းနှီးကြမှာပါ။ သူမက IOI, Gugudan အဖွဲ့ဝင်ဖြစ်ပါတယ်။ ကိုယ်ပိုင် YouTube Channel ရှိပြီး Cover Song တွေလည်း သီဆိုတတ်ပါသေးတယ်။

တခြား Angel Voice ပိုင်ဆိုင်တဲ့သူ ဘယ်သူတွေရှိသေးလဲ ပြောပြခဲ့ပါဦး။

Video Source: YouTube

by MyStyle Myanmar