တစ်ခါတစ်လေ ​​ကိုယ့်ရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ စိတ်ပျော်စေဖို့ လိုလာပြီဆိုရင် အခုပြောပြမယ့်သီချင်းလေးတွေကို နားထောင်လိုက်ပါ။ ခံစားချက်ကောင်းကောင်းပေးနိုင်ပြီး အကောင်းဆုံးနဲ့ အလှပဆုံးခံစားရစေမယ့် သီချင်းတွေမလို့ နားထောင်လိုက်တာနဲ့ သင့်ကို ပျော်စေမှာပါ။

(G)I-DLE – “Queencard”

နာမည်ကြီးနေတဲ့ဒီသီချင်းက ခေါင်းထဲမှာ ရက်အတော်ကြာအောင် စွဲနေမယ့် သီချင်းတစ်ပုဒ်ပါ။

SEVENTEEN – “Pretty U”

ဒီသီချင်းလေးက နားထောင်လို့လည်းကောင်းသလို အံ့သြစရာကောင်းလောက်အောင် ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။

NewJeans – “New Jeans”

ဆံပင်ပုံစံအသစ်ပြောင်းလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အရာအားလုံးကို အသစ်တစ်ခုလို ခံစားချင်နေတာပဲဖြစ်ဖြစ် စိတ်ပျော်နေတဲ့အချိန်ဆို နားထောင်ဖို့အတွက် ပြီးပြည့်စုံတဲ့သီချင်းတစ်ပုဒ်ပါ။

Stray Kids – “DOMINO”

ရည်မှန်းချက်ဖြစ်လာဖို့ လိုအပ်လာတဲ့အခါမျိုးဆို ဒီသီချင်းနားထောင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလာမှာ အသေချာပါ။

STAYC – “Bubble”

ဒါကတော့ နားထောင်တဲ့သူတွေကို အံ့သြစရာကောင်းလောက်အောင် လေးနက်တဲ့ မက်ဆေ့ခ်ျပေးထားတဲ့ သီချင်းပါ။

TXT, Jonas Brothers – “Do It Like That”

စွမ်းအင်တွေ လိုအပ်နေချိန် လွမ်းစရာကောင်းတဲ့ ခံစားချက်လေးပါတဲ့သီချင်းမျိုး ရှာနေတဲ့သူတွေအတွက်တော့ ဒီသီချင်းလေးက ကွက်တိပါပဲ။

TWICE – “I GOT YOU”

TWICE ရဲ့ ဒီသီချင်းလေးကတော့ နားထောင်သူတွေကို ဘာပဲဖြစ်ဖြစ်လုပ်နိုင်တယ်ဆိုပြီး အားပေးထားတဲ့သီချင်းလေးပါ။

NCT DREAM – “We Go Up”

ထွက်တာနည်းနည်းကြာနေပြီး ဖြစ်တဲ့သီချင်းလေးက အတူတူလိုက်ညည်း လိုက်ဆိုလို့ကောင်းတဲ့သီချင်းလေးပါ။

LE SSERAFIM – “ANTIFRAGILE”

မကောင်းတဲ့ စွမ်းအင်ကို ဖယ်ရှားပြီး ရှေ့ဆက်သွားဖို့အားအင်လိုနေတဲ့ချိန်ဆို ဒီသီချင်းလေးက သင့်ကိုအားဖြစ်စေမှာပါ။

BTS – “Life Goes On”

ပေါ့ပေါ့ပါးပါး စည်းချက်လေးနဲ့ဒီသီချင်းက အခက်ခဲဆုံးအချိန်တွေရှိနေရင်တောင် ကျော်လွှားပြီး စိတ်ချမ်းသာစေတဲ့နည်းလမ်းတွေရှိကြောင်း အသိပေးထားတာပါ။