ပူပြင်းတဲ့နေ့တွေမှာဆိုရင် ဆံပင်ကို အမြဲတမ်း ဖားလျားချထားဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် ပူပြင်းတဲ့နေ့တွေမှာ ပြင်ဆင်ဖို့အတွက် လွယ်ကူတဲ့ Hairstyle 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Hairstyle 1

ရိုးရိုးလေးပဲ ဆံပင်ကိုအနိမ့်စည်းပြီး ဆံပင်နဲ့ပဲ ပြန်ပတ်သလိုလေး လုပ်ထားတာမို့ ရှင်းရှင်းလေးနဲ့ လှသလို အပူလည်းသက်သာစေပါတယ်။

Hairstyle 2

ဆံပင်ကို အကုန်စုစည်းတာမျိုးမလုပ်ချင်ရင်လည်း ဒီလိုလေး တစ်ဝက်သိမ်းလို့ရပါတယ်။ ဆံပင်ဖားလျားချတာထက်စာရင် အပူဒဏ်သက်သာပါတယ်။

Hairstyle 3

နည်းနည်းလေးဆန်းအောင်လုပ်ချင်တယ်၊ ကျစ်ဆံမြီးကျစ်တာ ကြိုက်တယ်ဆိုရင်တော့ ဆံပင်ကို ဒီလိုလေးစည်းကြည့်ပါ။ လှလည်းလှသလို ပူပြင်းတဲ့နေ့တွေအတွက်လည်း အဆင်ပြေပါတယ်။

Hairstyle 4

ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဒီလိုလေးစည်းထားတာက လူငယ်ဆန်ပြီး ပူအိုက်တာလည်း သက်သာစေပါတယ်။

Hairstyle 5

ဆံပင်ကို အမြင့်လေးစည်းမယ်ဆိုရင် ရိုးရိုးမစည်းပဲ ဒီလိုလေး စည်းကြည့်ပါ။ ဂုတ်နဲ့ဆံပင်နဲ့လည်း ထိမနေတဲ့အတွက် အပူဒဏ်သက်သာပြီး စိတ်ရှုပ်သက်သာစေပါတယ်။

Hairstyle 6

တစ်နေရာရာသွားစရာရှိလို့ပဲဖြစ်ဖြစ် ဆံပင်ကို ဆန်းတဲ့ပုံစံလေး ပြင်ချင်ရင် ဒီအတိုင်းလေး ပြင်ကြည့်ပါ။ လှလည်းလှသလို ဆံပင်ချထားတာထက်စာရင် ပူတာသက်သာစေပါတယ်။

Hairstyle 7

ဆံပင်ပြင်ဆင်ပုံဆန်းပြီးတော့ သပ်သပ်ရပ်ရပ်လေးနဲ့ လှနေမယ့် Hairstyle လေးပါ။

Hairstyle 8

ဒီ Hairstyle ကတော့ ဆံပင်ကို အမြင့်စည်းပြီး ဆံပင်နဲ့ ပြန်ပတ်ထားတာမို့ ရိုးရှင်းပြီးလှပါတယ်။

Hairstyle 9

ဆံထုံးအနိမ့် ဒီလိုလေးထုံးတာကလည်း မျက်နှာလေးရှင်းပြီး သပ်သပ်ရပ်ရပ်နဲ့ လှသလို ပူတာလည်း သက်သာစေပါတယ်။

Hairstyle 10

ဆံပင်စည်းရတာမကြိုက်ရင် မိန်းကလေးဆန်ဆန်နဲ့ လှပနေအောင် ဒီလိုလေးပြင်လည်း အပူဒဏ် နည်းနည်းသက်သာစေပါတယ်။