လက်သည်းပုံဖော်မယ့် မိန်းကလေးတွေထဲမှာမှ အသည်းပုံဒီဇိုင်း ကြိုက်တဲ့သူတွေအတွက် လှပတဲ့ အသည်းပုံ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအသည်းပုံ လက်သည်းဒီဇိုင်းဆိုရင် ဆန်းသစ်ပြီး အရမ်းလှပါတယ်။ ဘယ်လိုလက်သည်းနီ အရောင်နဲ့မဆို လှနေမှာပါ။

ဆန်းသစ်လှပတဲ့ ဒီအသည်းပုံ လက်သည်းဒီဇိုင်းလေးကိုလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ လက်သည်းနီအရောင်ငြိမ်တာတွေနဲ့ဆို ပိုလှပါတယ်။

အသည်းပုံဒီဇိုင်းကြိုက်တဲ့ မိန်းကလေးတွေအတွက် နောက်ထပ်အရမ်းလှတဲ့ အသည်းပုံ လက်သည်းဒီဇိုင်းလေးပါ။

ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ ဒီအသည်းပုံ လက်သည်းဒီဇိုင်းကတော့ အသည်းပုံကြိုက်တဲ့သူတိုင်း ပုံဖော်ကြည့်သင့်တယ်နော်။

ကျောက်ကပ်ရတာကြိုက်တယ် လက်သည်းနီကိုလည်း matte type ဆိုးမယ်ဆိုရင်တော့ ဒီလှပတဲ့ အသည်းပုံ လက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်လိုက်ပါ။

ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးဖြစ်လို့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါတယ်။ ရိုးရှင်းပြီးလှတဲ့ ပုံစံလေးပါ။

ဒီအသည်းပုံ လက်သည်းဒီဇိုင်းလေးကတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ဒါလည်း ကိုယ်တိုင်တောင် ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါပဲ။

လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ ဒီအသည်းပုံ လက်သည်းဒီဇိုင်းလေးကို ပုံဖော်မယ်ဆိုရင်တော့ အရောင်ငြိမ်တဲ့ လက်သည်းနီလေးတွေကို ရွေးဆိုးပါ။ ဒါဆိုပိုလှပါတယ်။

ဒီအသည်းပုံ လက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအချွန်ထားတဲ့ သူတွေအတွက်ပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး လှလည်းလှပါတယ်။

လက်သည်းအချွန်ထားတဲ့ သူတွေအတွက် နောက်ထပ် လှပတဲ့ အသည်းပုံ လက်သည်းဒီဇိုင်းလေးပါ။ အနီရောင်တောက်တောက်လေးဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေမှာ သေချာပါတယ်။