ချစ်သူများနေ့လည်းနီးလာပြီဆိုတော့ ရာသီခွင်အလိုက် ဘယ်လိုဖြတ်သန်းကြရမလဲဆိုတာကို ပြောပြချင်ပါတယ်။ ရည်းစားရှိတဲ့သူတွေကတော့ ဒီလိုနေ့မျိုးကိုရင်ခုန်နေမှာပါ။ မိန်းကလေးတိုင်းကတော့ ချစ်သူများနေ့မှာ လက်ဆောင်လေးတွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်လေးတွေ ရဖို့မျှော်လင့်မှာပဲလေ။ နောက်ပြီးချစ်သူကို ဘာပြန်ပေးရင်ကောင်းမလဲဆိုတာလည်း ပြင်ဆင်တတ်ကြပါတယ်။
တစ်ယောက်တည်းသမားတွေလည်း စိတ်ဓာတ်မကျပါနဲ့။ ခရက်ရှ်က တိတ်တခိုးလက်ဆောင်ပေးနိုင်ပါတယ်။ ဘာတွေဘယ်လိုဖြစ်နိုင်တယ်ဆိုတာတော့ အတိအကျကြီးမဟုတ်ပေမယ့် ရာသီခွင်ပေါ်မူတည်ပြီး ချစ်သူများနေ့အတွက် ဟောကိန်းလေးတွေကို အပျော်သဘောဖတ်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။
VIRGO
Virgo သမားတွေအတွက်ကတော့ ထူးထူးခြားခြားမရှိပါဘူး။ ချစ်တဲ့သူနဲ့ ဒီချစ်သူများနေ့မှာ ရိုးရိုးရှင်းရှင်းလေး အတူတကွ ဖြတ်သန်းနိုင်မှာပါ။
LIBRA
Libra တွေအတွက်ကတော့ အချစ်ရေးက မမြဲနိုင်ပေမယ့် ကံကောင်းရင်တော့ ကြုံတဲ့သူနဲ့ပဲဖြစ်ဖြစ်၊ အနားမှာရှိတဲ့သူနဲ့ ပဲဖြစ်ဖြစ် အပျော်ဖြတ်သန်းခွင့်ရမှာပါ။ ဒီလို ဖြတ်သန်းခွင့်ရပေမယ့် အချစ်ရေးဟာ တစ်လလုံးကံကောင်းမယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။
SCORPIO
Scorpio တွေအတွက်ကတော့ ကိုယ်ရောစိတ်ပါ ပျော်ရွှင်စရာကောင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်သူများနေ့ကိုဖြတ်သန်းရမှာပါ။ သို့ပေမယ့် သံယောဇဉ်အရမ်းမထားဖို့၊ အတွယ်အတာမထားတတ်ဖို့တော့ လိုအပ်ပါတယ်။
SAGITTARIUS
Sagittarius သမားတွေဟာ အချစ်ရေးမှာ ဂရုစိုက်ခံရမှု၊ အလေးပေးခံရမှုတွေ ရပါလိမ့်မယ်။ သို့ပေမယ့် ဒီချစ်သူများနေ့ကိုဖြတ်သန်းဖို့ ချစ်သူရွေးတဲ့အခါမှာ သတိထားဖို့လိုပါတယ်။ ရွေးချယ်မှုမှားသွားတာနဲ့တင် သင့်ပျော်ရွင်မှုပါ ပျောက်သွားနိုင်ပါတယ်။
CAPRICORN
Capricorn တွေရဲ့သဘာဝအရ နှလုံးသားကိုဦးစားပေးတတ်ကြတော့ နေ့တိုင်းဟာ သူတို့အတွက် ချစ်သူများနေ့ပါပဲ။ ဒါကြောင့် ဖေဖော်ဝါရီလရဲ့ ချစ်သူများနေ့မှာ သင့်ပျော်ရွင်မှု မပျော်ရွင်မှုက အချစ်ရေးပေါ်မူတည်ပြီး တိုက်ရိုက် အချိုးကျပါတယ်။