ပူပြင်းတဲ့နွေရာသီမျိုးမှာဆိုရင် ဆံပင်ချထားဖို့က အရမ်းပူပါတယ်။ ဒီတော့ ဆံပင်ကိုအမျိုးမျိုးပြင်ဆင်ပြီး လှအောင်နေကြရမှာပေါ့။ တော်တော်များများက ဆံပင်စည်းတာ၊ ကလစ်နဲ့လှန်တင်တာလောက်ပဲ လုပ်ကြတာများပါတယ်။ ဒါကြောင့် ပူပြင်းတဲ့နွေရာသီအတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေမယ့် hairstyle တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်စည်းမယ်ဆိုရင် ထိပ်မှာ ဒီလိုကလစ်လေးတပ်ပြီး နားနှစ်ဖက်နားက ဆံပင်လေးကို နည်းနည်းချကြည့်ပါ။ မြင်နေကျပုံစံတွေနဲ့မတူတော့ပဲ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်မစည်းပဲ အနောက်မှာ ဆံထုံးအနိမ့်လေးထုံးပြီး ဒီလိုကလစ်လေးပန်လိုက်ရင်လည်း လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ကလစ်ကို ခုနကလို ထိပ်လေးမှာတပ်ရတာမကြိုက်ရင် နားဘေးမှာ ဒီလိုလေးတပ်လို့လည်းရပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ hairstyle လေးပဲဖြစ်ပါတယ်။

ဆံပင်လေးကို အနောက်မှာထုံးပြီးတော့ပဲဖြစ်ဖြစ်၊ ဆံပင်စည်းပြီးတော့ပဲဖြစ်ဖြစ် အလှဘီးကုတ်လေးတပ်လိုက်ရင် ချစ်ဖို့ကောင်းသွားစေပါတယ်။

ဒီ hairstyle လေးဆိုရင် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ကလစ်လေးက အသက်ပါပဲ။

ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဒီလိုဆံထုံးလေးနှစ်ဖက်ထုံးတာဆိုရင် အပူဒဏ်အရမ်းသက်သာစေပါတယ်။ လူငယ်ဆန်ပြီး အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

ဆံထုံးအမြင့်လေး ဒီလိုထုံးတာဆိုရင်တော့ ဘယ်တော့မှရိုးမသွားတဲ့ hairstyle လေးပါပဲ။

မြင်နေကျပုံစံတွေနဲ့မတူချင်ရင် ဆံထုံးအမြင့်လေးထုံးပြီး ဒီလိုကလစ်လေးတွေသာ တပ်ကြည့်ပါ။ အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။

အရမ်းလူငယ်ဆန်တာမျိုးမလုပ်ချင်တဲ့အခါတွေမှာဆိုရင် ဆံပင်ကိုအနိမ့်လေးစည်းပြီး ဖဲပြားကလစ်ကြီးကြီးသာ တပ်လိုက်ပါ။ ပြီးရင် နားထင်ကဆံစလေးတွေကို နည်းနည်းချထားလိုက်ပါ။

ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်တာက ရိုးတယ်ထင်ရင် ဒီလိုဘီးကုတ်လေးသာ တပ်လိုက်ပါ။ ပိုပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်မကျစ်ခင်ရင် ဒီလိုဆံပင်လေးနှစ်ဖက် ခွဲစည်းတာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်နှစ်ဖက်ခွဲပြီး ဒီလိုလေးလုပ်ထားတဲ့ hairstyle လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ပိုဆန်စေပါတယ်။

Photo source:www.pinterest.com