(Zawgyi Version)

ကိုယ့္ခ်စ္သူနဲ႔ပတ္သက္ၿပီး မိန္းကေလးတုိင္းမွာ လံုးဝမႀကိဳက္ပဲ စိတ္ဆိုးတဲ့အရာေတြ တူတူရွိပါတယ္။ ဒါကေတာ့ ရည္းစားရွိတဲ့ ေယာကၤ်ားေလးတိုင္း သိထားဖို႔လိုပါတယ္။ ဒါမွလည္း ကိုယ့္ေကာင္မေလး လံုးဝမႀကိဳက္တဲ့၊ စိတ္အဆိုးဆံုးအရာေတြကို မလုပ္ပဲဆင္ျခင္လို႔ရမွာေပါ့။

အရင္ရည္းစားေဟာင္းနဲ႔ ပတ္သက္ေနေသးတာမ်ိဳး၊ အရင္ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္မျပတ္ ရင္းရင္းႏွီးႏွီးေျပာဆိုဆက္ဆံေနတာမ်ိဳးကို ခ်စ္သူေကာင္မေလးေတြက လံုးဝမႀကိဳက္ၾကပါဘူး။

သူတို႔ေရွ႔မွာ တျခားမိန္းကေလးကို အေကာင္းအရမ္းေျပာၿပီးခ်ီးက်ဴးရင္ အရမ္းစိတ္ဆိုးၾကပါေသးတယ္။ သဝန္တိုတတ္တဲ့ေကာင္မေလးေတြဆို ပိုဆိုးတယ္ေနာ္။

သူမရဲ႔ Phone Call နဲ႔ Massage ေတြကို လ်စ္လ်ဴရႈရင္ အရမ္းစိတ္ဆိုးၾကပါတယ္။ အထူးသျဖင့္ ခဏခဏစိတ္ဆိုး စိတ္ေကာက္တတ္တဲ့ေကာင္မေလးေတြနဲ႔ ေဒါသႀကီးတဲ့ေကာင္မေလးေတြမွာ ပိုအျဖစ္မ်ားပါတယ္။

သူမနဲ႔အျပင္သြားေနတုန္း အျခားမိန္းကေလးကို စာပို႔ရင္လည္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားက စိတ္ဆိုးၾကပါတယ္။ တခ်ိဳ႔ဆို ဘာမွမျဖစ္ခ်င္ေယာင္ေဆာင္ေပမယ့္ စိတ္ထဲမွာေတာ့ တင္းေနၿပီ။

သူ႔ေရွ႔မွာ တျခားမိန္းကေလးကို အရမ္းဂရုစိုက္ျပရင္လည္း သင့္ေကာင္မေလးစိတ္ဆိုး၊ စိတ္ေကာက္တာကို ခံရပါလိမ့္မယ္။ မိန္းကေလးေတြက သူတို႔ထက္ပိုၿပီး တျခားသူကို ဂရုစိုက္ရင္ အရမ္းသဝန္တိုပါတယ္။

သူမနဲ႔ပတ္သက္တဲ့ အေရးႀကီးတဲ့ကိစၥေတြကို ေမ့ေနတာမ်ိဳး။ ဥပမာ – ေမြးေန႔တို႔ Anni ေန႔တို႔ စတဲ့ အေရးႀကီးတဲ့ေန႔ေတြ၊ အေရးႀကီးတဲ့အရာေတြကို ေမ့ေနရင္လည္း ေတာ္ေတာ္စိတ္ဆိုးၾကပါတယ္။

ရည္းစားေဟာင္းေပးထားတဲ့ပစၥည္းကို မပစ္ေသးပဲ ဆက္သံုးေနတာကိုသိလို႔ကေတာ့ မိုးမီးေလာင္ၿပီပဲ။ ေကာင္မေလးေတြမေျပာနဲ႔ ေကာင္ေလးေတြေတာင္ ဒါမ်ိဳးကို လံုးဝမႀကိဳက္ၾကပါဘူး။

တျခားဟာေတြကိုလိမ္ရင္သာ ေတာင္းပန္ၿပီး ျပန္ေခ်ာ့ရင္ လြယ္လြယ္နဲ႔ စိတ္ဆိုးေျပၾကမွာ။ မိန္းကေလးကိစၥနဲ႔ပတ္သက္ၿပီးလိမ္ရင္ေတာ့ ေတာ္ေတာ္ၾကာေအာင္ စိတ္ဆိုးတာခံရပါလိမ့္မယ္။

တခ်ိဳ႔ေကာင္မေလးေတြကေတာ့ ဘာမွမျဖစ္ေပမယ့္ အရမ္းအူတိုတတ္တဲ့ ေကာင္မေလးေတြဆိုရင္ေတာ့ ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ္ကလဲြၿပီး အျခားေကာင္မေလးပံုေတြကို React ေပးတာ Comment ေပးတာမ်ိဳး လံုးဝမႀကိဳက္ပါဘူး။

သူမပါပဲ မိန္းကေလးေတြအမ်ားႀကီးနဲ႔ အျပင္သြားရင္လည္း စိတ္ဆိုးၾကပါေသးတယ္။ ေကာင္မေလးေတြကေတာ့ ခဏခဏစိတ္ဆိုးစိတ္ေကာက္တတ္တဲ့အတြက္ သူတို႔မႀကိဳက္တာ၊ အူတိုတာေတြကေတာ့ ေတာ္ေတာ္မ်ားမွာပါပဲေနာ္။

Photo Source: www.pinterest.com

(Unicode Version)

ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်းမှာ လုံးဝမကြိုက်ပဲ စိတ်ဆိုးတဲ့အရာတွေ တူတူရှိပါတယ်။ ဒါကတော့ ရည်းစားရှိတဲ့ ယောင်္ကျားလေးတိုင်း သိထားဖို့လိုပါတယ်။ ဒါမှလည်း ကိုယ့်ကောင်မလေး လုံးဝမကြိုက်တဲ့၊ စိတ်အဆိုးဆုံးအရာတွေကို မလုပ်ပဲဆင်ခြင်လို့ရမှာပေါ့။

အရင်ရည်းစားဟောင်းနဲ့ ပတ်သက်နေသေးတာမျိုး၊ အရင်ရည်းစားဟောင်းနဲ့ အဆက်အသွယ်မပြတ် ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေတာမျိုးကို ချစ်သူကောင်မလေးတွေက လုံးဝမကြိုက်ကြပါဘူး။

သူတို့ရှေ့မှာ တခြားမိန်းကလေးကို အကောင်းအရမ်းပြောပြီးချီးကျူးရင် အရမ်းစိတ်ဆိုးကြပါသေးတယ်။ သဝန်တိုတတ်တဲ့ကောင်မလေးတွေဆို ပိုဆိုးတယ်နော်။

သူမရဲ့ Phone Call နဲ့ Massage တွေကို လျစ်လျူရှုရင် အရမ်းစိတ်ဆိုးကြပါတယ်။ အထူးသဖြင့် ခဏခဏစိတ်ဆိုး စိတ်ကောက်တတ်တဲ့ကောင်မလေးတွေနဲ့ ဒေါသကြီးတဲ့ကောင်မလေးတွေမှာ ပိုအဖြစ်များပါတယ်။

သူမနဲ့အပြင်သွားနေတုန်း အခြားမိန်းကလေးကို စာပို့ရင်လည်း မိန်းကလေးတော်တော်များများက စိတ်ဆိုးကြပါတယ်။ တချို့ဆို ဘာမှမဖြစ်ချင်ယောင်ဆောင်ပေမယ့် စိတ်ထဲမှာတော့ တင်းနေပြီ။

သူ့ရှေ့မှာ တခြားမိန်းကလေးကို အရမ်းဂရုစိုက်ပြရင်လည်း သင့်ကောင်မလေးစိတ်ဆိုး၊ စိတ်ကောက်တာကို ခံရပါလိမ့်မယ်။ မိန်းကလေးတွေက သူတို့ထက်ပိုပြီး တခြားသူကို ဂရုစိုက်ရင် အရမ်းသဝန်တိုပါတယ်။

သူမနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ကိစ္စတွေကို မေ့နေတာမျိုး။ ဥပမာ – မွေးနေ့တို့ Anni နေ့တို့ စတဲ့ အရေးကြီးတဲ့နေ့တွေ၊ အရေးကြီးတဲ့အရာတွေကို မေ့နေရင်လည်း တော်တော်စိတ်ဆိုးကြပါတယ်။

ရည်းစားဟောင်းပေးထားတဲ့ပစ္စည်းကို မပစ်သေးပဲ ဆက်သုံးနေတာကိုသိလို့ကတော့ မိုးမီးလောင်ပြီပဲ။ ကောင်မလေးတွေမပြောနဲ့ ကောင်လေးတွေတောင် ဒါမျိုးကို လုံးဝမကြိုက်ကြပါဘူး။

တခြားဟာတွေကိုလိမ်ရင်သာ တောင်းပန်ပြီး ပြန်ချော့ရင် လွယ်လွယ်နဲ့ စိတ်ဆိုးပြေကြမှာ။ မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီးလိမ်ရင်တော့ တော်တော်ကြာအောင် စိတ်ဆိုးတာခံရပါလိမ့်မယ်။

တချို့ကောင်မလေးတွေကတော့ ဘာမှမဖြစ်ပေမယ့် အရမ်းအူတိုတတ်တဲ့ ကောင်မလေးတွေဆိုရင်တော့ ကိုယ့်ချစ်သူကောင်လေးက ကိုယ်ကလွဲပြီး အခြားကောင်မလေးပုံတွေကို React ပေးတာ Comment ပေးတာမျိုး လုံးဝမကြိုက်ပါဘူး။

သူမပါပဲ မိန်းကလေးတွေအများကြီးနဲ့ အပြင်သွားရင်လည်း စိတ်ဆိုးကြပါသေးတယ်။ ကောင်မလေးတွေကတော့ ခဏခဏစိတ်ဆိုးစိတ်ကောက်တတ်တဲ့အတွက် သူတို့မကြိုက်တာ၊ အူတိုတာတွေကတော့ တော်တော်များမှာပါပဲနော်။

Photo Source: www.pinterest.com