(Zawgyi Version)

လူတစ္ေယာက္ရိုင္းလား၊ ယဥ္ေက်းလားဆိုတာကို သူလုပ္တဲ့ အျပဳအမူေတြေပၚၾကည့္ၿပီး ဆံုးျဖတ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္လုပ္လိုက္တဲ့အျပဳအမူတိုင္းက ကိုယ့္အတြက္ အေရးႀကီးပါတယ္။ တစ္ေယာက္ေယာက္နဲ႔ စကားေျပာတဲ့အခ်ိန္မ်ိဳးမွာဆိုလည္း ကိုယ့္ရဲ႔အျပဳအမူေတြကို သတိထားသင့္ပါတယ္။ ဒါေၾကာင့္ စကားေျပာေနတဲ့အခ်ိန္မွာ မျပဳလုပ္သင့္တဲ့ အျပဳအမူေတြကို ေျပာျပေပးလိုက္ပါတယ္။

စကားျဖတ္မေျပာပါနဲ႔

သူမ်ားစကားေျပာေနရင္ သူေျပာတာကို အရင္ဆံုးေအာင္နားေထာင္ပါ။ စကားျဖတ္ေျပာတာမ်ိဳး မလုပ္ပါနဲ႔။ ဒီအျပဳအမူက အရမ္းရိုင္းပါတယ္။

Photo Source: www.nabenet.com.au

ေအာ္မေျပာပါနဲ႔

တျခားသူနဲ႔စကားေျပာတဲ့အခါမွာ ေအာ္ၿပီးမေျပာပါနဲ႔။ ေလသံကိုေလ်ာ့ၿပီး ေကာင္းေကာင္းမြန္မြန္ေျပာဆိုပါ။ ကိုယ္နဲ႔သိတဲ့ ရင္းႏွီးတဲ့သူေတြေရွ႔မွာ ကိုယ္ႀကိဳက္သလိုေျပာတာက ကိစၥမရွိေပမယ့္ တစိမ္းေရွ႔မွာ စိတ္မၾကည္ရင္ မၾကည္သလို ေအာ္ေျပာတာမ်ိဳးက် လူအျမင္ကပ္ခံရပါတယ္။

Photo Source: www.wirlsummit.com

ဖုန္းျဖတ္ေျပာတာမ်ိဳးမလုပ္ပါနဲ႔

တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနခ်ိန္မွာ ဖုန္းလာတာနဲ႔ ေကာက္ကိုင္တာမ်ိဳး မလုပ္ပါနဲ႔။ ေျပာခ်င္ရင္ေတာင္ တစ္ဖက္လူကို အရင္ခြင့္ေတာင္းၿပီးမွေျပာတာ ပိုေကာင္းပါတယ္။ အထူးသျဖင့္ လူႀကီးေတြ၊ အလုပ္ကိစၥ၊ အေရးႀကီးကိစၥေတြ ေျပာဆိုေနခ်ိန္မွာ Meeting ေတြမွာဆို ဖုန္းကို Silent လုပ္ထားဖို႔ မေမ့ပါနဲ႔။

Photo Source: www.nerdwallet.com

စကားလမ္းေၾကာင္းမလဲြပါနဲ႔

သူမ်ားေျပာေနတဲ့စကားကို စကားလမ္းေၾကာင္းလဲြၿပီး အျခားအေၾကာင္းအရာေတြ ထေျပာတာမ်ိဳး မလုပ္ပါနဲ႔။ ရင္းႏွီးေနတဲ့သူေရွ႔မွာေတာင္ ဒါမ်ိဳးခဏခဏလုပ္ရင္ အျမင္ကတ္ခံရပါတယ္။

Photo Source: www.wakg.com

အာရံုမစိုက္တဲ့အျပဳအမူမလုပ္ပါနဲ႔

တစ္ဖက္လူစကားေျပာတာကို အာရံုစိုက္ၿပီး နားေထာင္ေပးပါ။ အထူးသျဖင့္ အေရးႀကီးတဲ့သူ၊ လူႀကီး၊ အလုပ္ကိစၥ စတာမ်ိဳးေတြနဲ႔ ေျပာဆိုတဲ့အခါ အၾကည့္ခ်င္းဆံုၿပီး ေျပာပါ။ တျခားကို အာရံုေရာက္ေနတဲ့ အျပဳအမူမ်ိဳးေတြ၊ သိပ္ၿပီးစိတ္မဝင္စားတဲ့ပံုစံမ်ိဳးေတြ မလုပ္မိပါေစနဲ႔။

Photo Source: www.cnbc.com

(Unicode Version)

လူတစ်ယောက်ရိုင်းလား၊ ယဉ်ကျေးလားဆိုတာကို သူလုပ်တဲ့ အပြုအမူတွေပေါ်ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်လုပ်လိုက်တဲ့အပြုအမူတိုင်းက ကိုယ့်အတွက် အရေးကြီးပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အချိန်မျိုးမှာဆိုလည်း ကိုယ့်ရဲ့အပြုအမူတွေကို သတိထားသင့်ပါတယ်။ ဒါကြောင့် စကားပြောနေတဲ့အချိန်မှာ မပြုလုပ်သင့်တဲ့ အပြုအမူတွေကို ပြောပြပေးလိုက်ပါတယ်။

စကားဖြတ်မပြောပါနဲ့

သူများစကားပြောနေရင် သူပြောတာကို အရင်ဆုံးအောင်နားထောင်ပါ။ စကားဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ဒီအပြုအမူက အရမ်းရိုင်းပါတယ်။

Photo Source: www.nabenet.com.au

အော်မပြောပါနဲ့

တခြားသူနဲ့စကားပြောတဲ့အခါမှာ အော်ပြီးမပြောပါနဲ့။ လေသံကိုလျော့ပြီး ကောင်းကောင်းမွန်မွန်ပြောဆိုပါ။ ကိုယ်နဲ့သိတဲ့ ရင်းနှီးတဲ့သူတွေရှေ့မှာ ကိုယ်ကြိုက်သလိုပြောတာက ကိစ္စမရှိပေမယ့် တစိမ်းရှေ့မှာ စိတ်မကြည်ရင် မကြည်သလို အော်ပြောတာမျိုးကျ လူအမြင်ကပ်ခံရပါတယ်။

Photo Source: www.wirlsummit.com

ဖုန်းဖြတ်ပြောတာမျိုးမလုပ်ပါနဲ့

တစ်ယောက်ယောက်နဲ့ စကားပြောနေချိန်မှာ ဖုန်းလာတာနဲ့ ကောက်ကိုင်တာမျိုး မလုပ်ပါနဲ့။ ပြောချင်ရင်တောင် တစ်ဖက်လူကို အရင်ခွင့်တောင်းပြီးမှပြောတာ ပိုကောင်းပါတယ်။ အထူးသဖြင့် လူကြီးတွေ၊ အလုပ်ကိစ္စ၊ အရေးကြီးကိစ္စတွေ ပြောဆိုနေချိန်မှာ Meeting တွေမှာဆို ဖုန်းကို Silent လုပ်ထားဖို့ မမေ့ပါနဲ့။

Photo Source: www.nerdwallet.com

စကားလမ်းကြောင်းမလွဲပါနဲ့

သူများပြောနေတဲ့စကားကို စကားလမ်းကြောင်းလွဲပြီး အခြားအကြောင်းအရာတွေ ထပြောတာမျိုး မလုပ်ပါနဲ့။ ရင်းနှီးနေတဲ့သူရှေ့မှာတောင် ဒါမျိုးခဏခဏလုပ်ရင် အမြင်ကတ်ခံရပါတယ်။

Photo Source: www.wakg.com

အာရုံမစိုက်တဲ့အပြုအမူမလုပ်ပါနဲ့

တစ်ဖက်လူစကားပြောတာကို အာရုံစိုက်ပြီး နားထောင်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့သူ၊ လူကြီး၊ အလုပ်ကိစ္စ စတာမျိုးတွေနဲ့ ပြောဆိုတဲ့အခါ အကြည့်ချင်းဆုံပြီး ပြောပါ။ တခြားကို အာရုံရောက်နေတဲ့ အပြုအမူမျိုးတွေ၊ သိပ်ပြီးစိတ်မဝင်စားတဲ့ပုံစံမျိုးတွေ မလုပ်မိပါစေနဲ့။

Photo Source: www.cnbc.com